Home
မြန်မာသတင်း
မသန်စွမ်းများအတွက် အတားအဆီးမဲ့ ပတ်ဝန်းကျင် ဖော်ဆောင်ပေးရေး ကမ်ပိန်းပြုလုပ်
DVB
·
December 24, 2016
cp6
cp5
cp4
cp3
cp2
cp
cp1
မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့က မသန်စွမ်းသူတွေအတွက် အတားအဆီးကင်းမဲ့တဲ့ ပတ်ဝန်းကျင် ဖော်ဆောင်ပေးရေးအတွက် ကမ်ပိန်းတခုပြုလုပ်ခဲ့ပါတယ်။ လက်ရှိအခြေအနေမှာ မသန်စွမ်းသူတွေအတွက် ရုပ်ပိုင်းဆိုင်ရာအတားအဆီး စိတ်ပိုင်းဆိုင်ရာ အတားအဆီးတွေနဲ့ မူဝါဒပိုင်းဆိုင်ရာ အတားအဆီးတွေ ရှိနေတာကြောင့် အခုလို ကမ်ပိန်း ပြုလုပ်ခဲ့တာလို့ မသန်စွမ်းသူတွေက ပြောပါတယ်။ အစိုးရ တာဝန်ရှိသူတွေအနေနဲ့ လမ်းတွေ၊ လူကူးခုံးကျော်တံတားတွေ တည်ဆောက်တာတွေနဲ့ ကုန်းလမ်း သယ်ယူပို့ဆောင်ရေး မူဝါဒတွေ ရေးဆွဲပြဋ္ဌာန်းတဲ့အခါ မသန်စွမ်းသူတွေအတွက်ပါ ထည့်သွင်းစဉ်းစားပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ မသန်စွမ်းသူတွေအတွက် အတားအဆီးကင်းမဲ့တဲ့ ပတ်ဝန်းကျင် ဖော်ဆောင်ရေးလှုပ်ရှားမှုကို မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းမှာရှိတဲ့ မြန်မာတိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ရုံးကနေ မြေနီကုန်း ပြည်သူ့ရင်ပြင်ထိ ဝှီးချဲလ်စီးတာတွေ၊ ဘတ်စ်ကားစီးတာတွေ ပြုလုပ်ခဲ့ကြပြီး ဝှီးချဲလ်စီး မသန်စွမ်းသူ ၅၀ လောက် ပါဝင်ခဲ့ကြပါတယ်။ ဓာတ်ပုံ - ဟိန်းကို
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024