DVB Logo
Home
မြန်မာသတင်း
တရားမဝင်ကျွန်းသစ်တင်ကားကို ပစ်ခတ်ဖမ်းဆီးရာမှ ရဲတပ်ဖွဲ့ဝင်တဦး ဒဏ်ရာရရှိ
DVB
·
December 24, 2016
တရားမဝင်ကျွန်းသစ်တင်ကားကို ပစ်ခတ်ဖမ်းဆီးရာမှ ရဲတပ်ဖွဲ့ဝင်တဦး ဒဏ်ရာရရှိ
Donate to DVB

ကျောက်တံခါးမြို့နယ်မှာ တရားမ၀င်သစ်တွေ သယ်ဆောင်လာတဲ့ ယာဉ်တစီး မောင်းနှင်ထွက်ပြေးလို့ ပစ်ခတ်ဖမ်းဆီးခဲ့ပြီး ယာဉ်မောင်းဖြစ်သူ ထွက်ပြေးလွတ်မြောက်သွားပါတယ်။

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ဖဒိုနယ်မြေရဲစခန်း အပိုင်နယ်မြေမှာ ဒီဇင်ဘာ ၂၃ ရက် နံနက်ပိုင်းက တရားမ၀င်သစ်တွေ ဖမ်းဆီးရာမှာ ယာဉ်အမှတ် 8I/7836 ကာစတန်ခဲရောင် သစ်တင်ယာဉ်က မောင်းနှင်ထွက်ပြေးလို့ သေနတ်နဲ့ ပစ်ဖောက်ဖမ်းဆီးခဲ့ရပြီး သစ်တောရဲတပ်ကြပ်တဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကာ သစ်ခိုးကား မောင်းသူမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့လို့ ဖဒိုနယ်မြေရဲစခန်းက ပြောပါတယ်။

ဖဒိုနယ်မြေရဲစခန်းမှ ၇ မိုင်ခန့်အကွာ မြို့ချောင်း-မင်းလှသွား စိန်ကန့်လန့်ကားလမ်း (ဒေသအခေါ်) ၅ မိုင် ဆောက်လုပ်ရေးဝန်းအနီးမှာ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့နဲ့ ကျောက်တံခါးမြို့နယ် သစ်တောဦးစီးဌာနတို့ ပူးပေါင်းပြီး နယ်မြေသတင်းပေးချက်အရ သွားရောက်ဖမ်းဆီးရာမှာ မြို့ချောင်းရွာဟောင်းနေ ဖိုးဖြူ  နေအိမ်ခြံဝင်းအတွင်းမှ တရားမ၀င် ကျွန်းသစ်ခွဲသား (၁) တန်ကျော်ခန့်အား တင်ဆောင်ကာ အရှိန်ပြင်းစွာ မောင်းနှင်ထွက်ပြေးလို့ ပစ်ခတ်ဖမ်းခဲ့ရတယ်လို့ ဖဒိုနယ်မြေခံရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“သစ်တောရဲတပ်ဖွဲ့နဲ့ သစ်တောကလူတွေက အယ်ရွာထဲမှာ ကျွန်းသစ်တွေရှိတယ်လို့ သတင်းရလို့ သွားရှာတာဗျ။ အဲဒီအချိန်မှာပဲ ကားတစီးက စောစောကအဖွဲ့ တွေကိုတွေ့တော့ အရှိန်ပြင်းပြင်းနဲ့ မောင်းပြေးတယ်ဗျ။ ပြီးတော့သစ်တောအဖွဲ့ကို ကားနဲ့ တိုက်တဲ့သဘောပေါ။ အဲဒီမှာတပ်ဖွဲ့ဝင်တဦး ဒဏ်ရာရတယ်ဗျ။ အခြားတပ်ဖွဲ့ ဝင်တစ်ဦးက ကားရှေ့ဘီးကိုပစ်လိုက်ရတာပေါ့။ အဲဒီကားက နည်းနည်း အဝေးရောက်သွားတော့ ယာဉ်မောင်းက ထွက်ပြေးသွားတယ်ဗျ။ ကားပေါ်မှာလည်း ကျွန်းသားတွေတွေ့တာပေါ့။ အဲဒါနဲ့ရွာထဲမှာ ကားပိုင်ရှင်စုံစမ်းတော့ ဖိုးဖြူလို့ သိရတယ်ဗျ။ သူ့ခြံကို ဝင်ရှာတော့လည်း ကျွန်းသားဆိုက်စုံတွေ့ရတယ်။ တပ်ဖွဲ့ဝင်ကို တာဝန်ထမ်းဆောင်စဉ် အနာတရဖြစ်အောင်လုပ်တာက အမှုတစ်ခုပေါ့။ သစ်တောကလည်း သစ်သားကိစ္စအမှုဖွင့်မယ်။”

ဖိုးဖြူရဲ့ နေအိမ်ခြံဝင်းအတွင်းမှ စုစုပေါင်း တရားမ၀င် ကျွန်းသစ်ခွဲသားဆိုဒ်စုံ ၂ ဒသမ ၁၈၇၆ တန် ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

ယာဉ်ဖြင့်ပွတ်တိုက်မှုကြောင့် ခါးမှာ ဒဏ်ရာရရှိသွားတဲ့ သစ်တောရဲတပ်ကြပ် ဇော်လင်းအား မြို့ချောင်းတိုက်နယ်ဆေးရုံကို ပို့ဆောင်ကုသထားပြီး ဖြစ်စဉ်နဲ့ပတ်သက်လို့ မြို့နယ် သစ်တောဦးစီးမှူး ဦးကျော်ကျော်အောင်က တရားဥပဒေနဲ့အညီ အရေးယူနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ဖဒိုနယ်မြေရဲစခန်း တာဝန်ရှိသူကပြောပါတယ်။

သတင်း-ကျော်အောင် ( ကညွတ်ကွင်း )

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013