DVB Logo
Home
မြန်မာသတင်း
ပညာ​ရေး​ကွန်ရက် ​ဈေး​ရောင်း​ပွဲ ပရိသတ်​သောင်း​ချီ တက်​ရောက်အား​ပေး
DVB
·
November 21, 2011
ပညာ​ရေး​ကွန်ရက် ​ဈေး​ရောင်း​ပွဲ ပရိသတ်​သောင်း​ချီ တက်​ရောက်အား​ပေး
Donate to DVB

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ရဲ့​ ဒီမိုက​ရေစီကွန်ရက်တခုဖြစ်တဲ့​ ပညာ​ရေး​ကွန်ရက် တနှစ်ပြည့်​ ​ဈေး​ရောင်း​ပွဲဖွင့်​ပွဲကို ​ဒေါ်​အောင်ဆန်း​စုကြည် တက်​ရောက်အား​ပေး​ပြီး​ မိန့်​ခွန်း​ပြောကြား​ခဲ့​ရာမှာ ပရိသတ် ​သောင်း​နဲ့​ချီ လာ​ရောက်ခဲ့​ကြပါတယ်။

[caption id="attachment_18109" align="alignright" width="300" caption="​ဈေးရောင်းပွဲတော်ကို လာရောက် အားပေးသည့်​ ပရိသတ်များ​"][/caption]

ဈေး​ရောင်း​ပွဲဖွင့်​ပွဲကို ရန်ကုန်မြို့​ ပြည်လမ်း​က ယုဒသန်ရိပ်သာခန်း​မဝင်း​မှာ ဒီက​နေ့​ ပြုလုပ်ခဲ့​တာပါ။

ဖွင့်​ပွဲမှာ ပညာ​ရေး​အ​ရေး​ပါပုံကို ​ဒေါ်​အောင်ဆန်း​စုကြည်က “ကျမတို့​ နိုင်ငံသူနိုင်ငံသား​အား​လုံး​က ပညာ​ရေး​ကို စိတ်ဝင်စား​ပြီး​တော့​ ပညာ​ရေး​ကို ​ထောက်ခံအား​ပေး​မှ ကျမတို့​နိုင်ငံတိုး​တက်နိုင်မှာပါ။ တခြား​ ဘာပဲ ကျမတို့​အချင်း​ချင်း​ တ​ယောက်နဲ့​ တ​ယောက် သ​ဘောမတူတာရှိ​ပေမယ့်​လည်း​ ပညာ​ရေး​နဲ့​ပတ်သက်လို့​ တသ​ဘောတည်း​လို့​ ကျမထင်ပါတယ်။ အား​လုံး​ဟာ ကျမတို့​နိုင်ငံမှာ ပညာ​ရေး​ဖွံ့​ဖြိုး​စေချင်တယ်။ ကျမတို့​ရဲ့​လူငယ်​တွေဟာ ကမ္ဘာ့​အဆင့်​အတန်း​နဲ့​ မီ​အောင်လို့​ ပညာ​တွေရ​စေချင်တယ်။ ဒါက​တော့​ ဘယ်သူကမှ ငြင်း​မယ်လို့​မထင်ပါဘူး​။ အဲ့​ဒီလို ပညာ​တွေရဖို့​အတွက် ကျမတို့​လုပ်​နေတဲ့​အခါမှာ ဒီမိုက​ရေစီကွန်ရက်က လူငယ်​တွေက ကိုယ့်​နည်း​ကိုယ့်​ဟန်နဲ့​ အမျိုး​မျိုး​အား​ပေး​တာဟာ ကျမတို့​အနာဂတ်အတွက် အင်မတန်မှ​ကောင်း​တဲ့​ လက္ခဏာပါပဲ။”

ဒေါ်​အောင်ဆန်း​စုကြည် လွတ်​မြောက်ခဲ့​ပြီး​တဲ့​နောက် ဖွဲ့​စည်း​ခဲ့​တဲ့​ ပညာ​ရေး​ကွန်ရက် တနှစ်ပြည့်​ ​ဈေး​ရောင်း​ပွဲမှာ ရန်ကုန်တိုင်း​အတွင်း​ ပညာ​ရေး​ ကွန်ရက်​အောက်မှာ ပါဝင်​နေတဲ့​ ​ကျောင်း​ပေါင်း​ ၂၅ ​ကျောင်း​က ဆိုင်ခန်း​ပေါင်း​ ၂၅ ခန်း​ ဖွင့်​လှစ် ​ရောင်း​ချခဲ့​တာပါ။

ဗိုလ်ချုပ်​အောင်ဆန်း​နဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်ပုံပါ ပြက္ခဒိန်၊​ တီရှပ်နဲ့​ စာအုပ်စာတမ်း​မျိုး​စုံ၊​ အစား​အ​သောက်မျိုး​စုံတို့​ ​ဈေး​ရောင်း​ပွဲမှာ ​ရောင်ချခဲ့​ပြီး​ ​ရောင်း​ချရတဲ့​ ရန်ပုံ​ငွေအား​လုံး​ကို ပညာ​ရေး​ကွန်ရက်ကို လှူဒါန်း​သွား​မယ်လို့​ ပညာ​ရေး​ကွန်ရက်များ​ ဖွဲ့​စည်း​နိုင်​ရေး​ ကူညီ​ဆောင်ရွက်​ပေး​နေတဲ့​ ၈၈ မျိုး​ဆက် ကိုဖြိုး​မင်း​သိန်း​က ​ပြောပါတယ်။

ပြည်သူလူထုအ​နေနဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည် အား​ထား​တဲ့​ပညာ​ရေး​ကဏ္ဍကို အား​ပေး​တာ ​တွေ့​ရတယ်လို့​ ကိုဖြိုး​မင်း​သိန်း​က ​ပြောပါတယ်။

“ပြည်သူလူထုရဲ့​ ​ထောက်ခံမှု​ကြောင့်​လည်း​ ဒီ​ဈေး​ရောင်း​ပွဲ​တော်က ​အောင်မြင်တယ်​ပေါ့​ဗျာ။ ပညာ​ရေး​ကွန်ရက် အခုလို​ဆောင်ရွက်နိုင်မှုအ​ပေါ်မှာ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ပညာ​ရေး​လမ်း​ကြောင်း​ပေါ်မှာ အား​ထား​မှုအ​ပေါ်မှာ ပြည်သူလူထုကလည်း​ ​ထောက်ခံမှုရပါတယ်။ ဒီ့​အပြင် အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် တရား​ဝင်ရပ်တည်မှု ပြန်လည်​ဆောင်ရွက်လာမှု အ​ပေါ်မှာလည်း​ လူထူရဲ့​ ပါဝင်နိုင်မှုက ပိုပြီး​ ရဲရဲတင်း​တင်း​ ပါဝင်လာတယ်လို့​ ကျ​နော်ထင်ပါတယ်။”

ပညာ​ရေး​ကွန်ရက် ​ဈေး​ရောင်း​ပွဲကျင်း​ပတဲ့​ ယုဒသန်ခန်း​မထဲမှာ ​ဆောင်း​ဦး​လှိုင်၊​ အနဂ္ဂ၊​ သံသာဝင်း​၊​ ​ချောစုခင်၊​ ကဗျာဘွဲ့​မှူး​၊​ မီး​မီး​ခဲ စတဲ့​ ​တေး​သံရှင်​တွေက ​ဈေး​ရောင်း​ပွဲလာပရိသတ်​တွေကို ​တေး​သီချင်း​တွေနဲ့​ ​ဖျော်​ဖြေခဲ့​ကြပြီး​ မျက်လှည့်​၊​ ဟာသပညာရှင်​တွေကလည်း​ ​ဖျော်​ဖြေ တင်ဆက်ခဲ့​ကြပါတယ်။

ဒေါ်​အောင်ဆန်း​စုကြည် လွတ်​မြောက်ခဲ့​ပြီး​တဲ့​နောက် ပညာ​ရေး​၊​ ကျန်း​မာ​ရေး​နဲ့​ သဘာဝ​ဘေး​စတဲ့​ ဒီမိုက​ရေစီကွန်ရက်​လေး​ခု ဖွဲ့​စည်း​ပြီး​ လူထုအကျိုး​ပြုလုပ်ငန်း​တွေ ​ဆောင်ရွက်​နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013