DVB Logo
Home
မြန်မာသတင်း
နိုင်ငံရပ်ခြားရောက်နေသူများ၏ အလှူဖြင့် မူလတန်းကျောင်းပေါင်းစုံ ကာယဉာဏပြိုင်ပွဲကျင်းပ
DVB
·
December 24, 2016
နိုင်ငံရပ်ခြားရောက်နေသူများ၏ အလှူဖြင့် မူလတန်းကျောင်းပေါင်းစုံ ကာယဉာဏပြိုင်ပွဲကျင်းပ
1 / 8
Donate to DVB

ချင်းပြည်နယ် မင်းတပ်မြို့နယ်ဘော(၃)ကျေးရွာမှာ ၂၀၁၆ခုနှစ် ဒီဇင်ဘာ ၁၉ ရက်နေ့မှ ၂၃ ရက်နေ့အထိ မူလတန်းကျောင်းပေါင်းစုံ ကာယဉာဏပြိုင်ပွဲကို ကျင်းပခဲ့ပါတယ်။

ဒီပြိုင်ပွဲအတွက် နိုင်ငံရပ်ခြားမှာ ရောက်ရှိနေတဲ့ မင်းတပ်မြို့နယ် လှေးကောင်းကျေးရွာအုပ်စုမှ လူငယ်တွေက အဓိက ကူညီပံ့ပိုးပေးထားတာ ဖြစ်ပါတယ်။

အရင်နှစ်မှာ လှေးကောင်းကျေးရွာမှာ စတင်ကျင်းပခဲ့တာဖြစ်ပြီး ဒီနှစ်မှာတော့ ဘော(၃)

ကျေးရွာက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တာဖြစ်ပါတယ်။

ဒီပြိုင်ပွဲမှာ မင်းတပ်မြို့နယ်တိုက်နယ် အမှတ်(၃)ကျေးရွာများမှ မူလတန်းကျောင်းများမှ ကျောင်းပေါင်း ၁၀ ကျောင်းယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။

ပြိုင်ပွဲတွင် ချင်းး(ချိုး)စာ၊ မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာဘာသာများနဲ့ ကာယမှာတော့ ဘောလုံး/ကျား(မ) မီတာ၁၀၀ ၊၂၀၀ အပြးပြိုင်ပွဲတွေ ပါဝင်ခဲ့ပါတယ်။

ဒီလိုပြိုင်ပွဲကို မကျင်းပခဲ့တာ ကြာပြီးဖြစ်ပြီး မိသားစု စားဝတ်နေရေးအတွက် နိုင်ငံရပ်ခြားမှာ ရုန်းကန်နေကြရတဲ့ လှေးကောင်းကျေးရွာအုပ်စု လူငယ်တွေက ချင်းပြည်နယ်ရဲ့ စာပေပညာမြင့်မားရေးနဲ့ ချင်းပြည်နယ် အားကစားလောကဖွံ့ ဖြိုးလာဖို့အတွက် အခုလို တတ်နိုင်တဲ့ဘက်ကနေ စုပေါင်း စီစဉ်ပေးခဲ့တာဖြစ်ပါတယ်။

အခုပြိုင်ပွဲဟာ ဒုတိယအကြိမ် ကျင်းပနိုင်ခဲ့တာဖြစ်ပြီး အရင်နှစ်က လှေးကောင်းကျေးရွာမှာ ကျောင်းပေါင်း ၄ ကျောင်းနဲ့ စတင်ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲကို လာမယ့်နှစ်မှာလည်း မင်းတပ်မြို့နယ် အေးသာယာကျေးရွာက အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013