DVB Logo
Home
မြန်မာသတင်း
ဂျပန်တက္ကသိုလ်ဦးဆောင်ပြီး မြန်မာ့အရေး ဆွေးနွေး
DVB
·
December 24, 2016
ဂျပန်တက္ကသိုလ်ဦးဆောင်ပြီး မြန်မာ့အရေး ဆွေးနွေး
1 / 6
Donate to DVB

ဂျပန်နိုင်ငံ နဂိုယာမြို့ Aichi Gakuin တက္ကသိုလ်က ဦးဆောင်ပြီး အာရှ နိုင်ငံပေါင်းစုံတက္ကသိုလ်တွေက ပညာရှင်တွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းအသီးသီးက ကျွမ်းကျင်သူတွေပါဝင်တဲ့ မြန်မာ့အရေးဆွေးနွေးပွဲ ကျင်းပနေပါတယ်။

AUN Fair & TIJC 2016 ဆွေးနွေးပွဲကို ဂျပန်နိုင်ငံနဂိုယာမြို့ Aichi Gakuin တက္ကသိုလ်မှာ ဒီဇင်ဘာ ၂၁ ရက်ကနေ ၂၄ ရက်နေ့ အထိ ကျင်းပနေတာဖြစ်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲမှာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ အမျိုးသမီးအခွင့်အရေး၊ သဘာဝပတ်ဝန်းကျင်နဲ့ တိုင်းရင်းသားအရေးတွေအပါအ၀င် ကဏ္ဍပေါင်းစုံက အကျပ်အတည်းတွေကို ပြည်တွင်းပြည်ပပညာရှင်တွေနဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းအသီးသီးက သုတေသနပြုတင်ပြဆွေးနွေးကာ ဘက်ပေါင်းစုံမှ ပူးတွဲလေ့လာပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေကို ပေးပို့သွားမယ်လို့ ဦးဆောင်သူတဦးဖြစ်တဲ့ Aichi Gakuin တက္ကသိုလ်က ဒေါက်တာ ချိုစိန်ယမဟတ က ဒီဗွီဘီကို ပြောပါတယ်။

AUN Fair & TIJC 2016 မှာ ချိတ်ဆက်ထားတဲ့ ဂျပန်နိုင်ငံ တက္ကသိုလ် ၄ ခု၊ ထိုင်းနိုင်ငံ တက္ကသိုလ် ၂ ခု၊ အိန္ဒိယနိုင်ငံတက္ကသိုလ် ၃ ခု၊ အမေရိကန်နိုင်ငံတက္ကသိုလ် ၁ ခု မော်လမြိုင်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်တွေက ပညာရှင်တွေ၊ ပေါင်းကူးအပါအ၀င် Institute တွေနဲ့ အခြားနိုင်ငံတကာအသီးသီးမှ ပညာရှင်တွေ၊ ကဏ္ဍပေါင်းစုံက မြန်မာ့အရေးကျွမ်းကျင်သူတွေ၊ တိုင်းရင်းသားအရေးနဲ့ ပတ်သက်ပြီး အက်စ်အန်အယ်လ်ဒီက ဦးစိုင်းညွန့်လွင်အပါအ၀င် စုစုပေါင်း ၃၄ ဦး ပါဝင်ဆွေးနွေးခဲ့ပါတယ်။

ပေါင်းကူးက ဒေါက်တာကျော်သူကတော့ “ဒီပွဲမှာ ပညာရှင်တွေရယ်၊ အရပ်ဘက်လူ့အဖွဲ့အစည်း Academic တွေ လက်တွဲပြီး လုပ်ဆောင်တာမို့ ဥပမာအနေနဲ့ ဂျပန်နိုင်ငံက မြန်မာနိုင်ငံမှာ စီးပွားရေးရော၊ နိုင်ငံရေးရော၊ ရင်းနှီးမြှုပ်နှံမှုတွေကို အကူအညီပေးဖို့ ကျနော်တို့အနေနဲ့ ဆွေးနွေးလာနိုင်မယ်လို့ မျှော်လင့်တယ်” လို့ ပြောပါတယ်။

ချင်းမိုင်တက္ကသိုလ်က Mr.Terepatt Vannaruemol က လက်ရှိမြန်မာနိုင်ငံမှာ အဘက်ဘက်က အကူအညီတွေ လိုအပ်နေပါတယ်။ ဒါတွေကို ကျန်ာတို့ ပူးပေါင်းအဖြေရှားရင်း အကူအညီပေးဖို့ အစီအစဉ်တွေ ရှိနေပါတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

ဆွေးနွေးပွဲအထောက်အကူပြုအဖြစ် မြန်မာနိုင်ငံအကြောင်း ဓာတ်ပုံပြပွဲနဲ့ အိန္ဒိယနိုင်ငံက ပိုစတာပြပွဲတွေ ပါဝင်ခဲ့ပြီး အခုပွဲမှ အချက်အလက်တွေကိုစုစည်းပြီး ၂၀၁၇ ခု ဖေဖော်ဝါရီလမှာ ဆက်လက်ပြီး ဆွေးနွေးပွဲပြုလုပ်ဖို့ ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013