DVB Logo
Home
မြန်မာသတင်း
ရပ်ထားသည့်ဆိုင်ကယ်များကို ကားဝင်တိုက်၊ ၁ ဦးသေ ၁ ဦးဒဏ်ရာရ
DVB
·
December 23, 2016
ရပ်ထားသည့်ဆိုင်ကယ်များကို ကားဝင်တိုက်၊ ၁ ဦးသေ ၁ ဦးဒဏ်ရာရ
Donate to DVB

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှ ဈေးပွဲတော်ကိုကြည့်ပြီးရွာအပြန်မှာ ရပ်ထားတဲ့ ဆိုင်ကယ်ကို ကားက ဝင်တိုက်လို့ လူ ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရှိခဲ့ပါတယ်။

ဒီဇင်ဘာ ၂၃ ရက်နေ့ ညသန်းခေါင်းယံ ၁ နာရီခန့်မှာ တောင်ကုန်မြို့မှ လူငယ် ၄ ဦး ဈေးပွဲတော်ကြည့်လို့အပြီး ကိုင်းရှည်တံတား အနီးရပ်ထားတဲ့ ဆိုင်ကယ်ကိုဝင်တိုက်ခဲ့လို့ ဒဏ်ရာ ပြင်းထန်စွာရရှိပြီး သေဆုံးသွားတယ်လို့ တောင်ကုတ်မြို့မရဲစခန်းမှ စခန်းမှူး ဦးချစ်ဝေက ဒီဗွီဘီကို ပြောပါတယ်။

“ကောင်လေးတွေက ဈေးပွဲတော်ကို ကြည့်လို့ အပြီးရွာကို ၁၂ နာရီမှာလောက်ပြန်ကြတာ။ ရွာကိုရောက်ခါနီးမှာ သိမ်းတောင်ရပ်ကွက်က သူငယ်ချင်းတယောက်က ဖုန်းလှမ်းခေါ်တယ်လို့ ပြောတယ်။ အဲဒီမှာဆိုင်ကယ်ကို ပြန်ကွေ့လာတာ။ ကိုင်ရှည်တံတားရဲ့အဖြတ် မြို့ထဲဘက်အဝင်မှာ လမ်းဘေးနားမှာ ဆိုင်ကယ်ရပ်ပြီး နှစ်ယောက် ကသေးဆင်းပေါက်တယ်။ လူလေးယောက် ဆိုင်ကယ်နှစ်စီးပေါ့။ နှစ်ယောက်ကဆိုင်ကယ်ပေါ်မှာ ထိုင်နေတာဖြစ်မှာပေါ့။ အဲဒါကို နောက်က ကားဝင်တိုက်တာပါ။ တယောက်က တော်တော်ဒဏ်ရာပြင်းတယ်။ ဒီမနက် ၇ နာရီလောက် ပြင်းထန်ဒဏ်ရာရတဲ့ ကောင်လေးဆုံးသွားပါပြီ။”

သေဆုံးသွားသူ မောင်ရဲကျော်သူအသက် ၁၈ နှစ်ရွှေပေါက်ပြင်ကျေးရွာဖြစ်ပြီး မျက်နှာ ပေါက်ပြဲဒဏ်ရာ တချက်နဲ့ ခြေထောက်မှာ ပြင်းထန် ဒဏ်ရာရရှိသွားကာ တောင်ကုတ် ပြည်သူ့ဆေးရုံမှာ ဒီမနက်က ပြင်းထန်းဒဏ်ရာကြောင့်သေဆုံးတယ်လို့ စခန်းမှူးကပြောပါတယ်။

ဆိုင်ကယ်အတူစီးလာတဲ့ အခြားဒဏ်ရာရတဲ့ တဦးကတော့ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့ ပေမယ့် အခု ဆေးရုံကနေ ဆင်းသွားပြီး အခြား ၂ ဦးက တစုံတရာဒဏ်ရတာ မရှိဘူးလို့ ပြောပါတယ်။ လက်ရှိမှာတော့ ယာဉ်မောင်းသူကို ဖမ်းဆီးအရေးထားပြီးပြီလို့ စခန်းမှူးက ဆက်လက်ပြောပါတယ်။

“ကားသမားက ဘယ်လိုဖြစ်မှန်းမသိဘူး။ တံတားမှာလဲ ဟိုဖက်ဒီဖက်မီးတွေရှိတယ်။ ကား သမားကလည်း လူရှိနေမှန်းသိပုံမပေါ်ဘူး။ ညက ၁၂ နာရီကျော်ဆိုတော့ ကားသမားကလည်း ညာဘက်ကနေမောင်းလာတယ်။ ဟိုကောင်လေးတွေကလည်း ဆိုင်ကယ်တွေကို ညာဘက်မှာ ရပ်ထားတယ်။ အဲဒီမှာ အရှိန်မထိန်းနိုင်ဘဲတိုက်သွားတာ လူသေဆုံးမှုဖြစ်ခင် ယာဉ်မောင်းကို ကျနော်တို့ ၃၃၈ နဲ့ အရေးထားပါတယ်။ ဒါပေမယ့် အခု က လူသေဆုံးမှု ဖြစ်ပြီးဆိုတော့ ၃၀၄ - က နဲ့ ပြောင်းပြီးအရေးယူလိုက်ပါပြီ။”

မာဆက်စ်ခဲရောင် အမျိုးအစားမောင်းလာသူ ယာဉ်မောင်း ကျော်ဆန်းဝင်အသက် ၃၈ နှစ်ကို (ပ)၂၀/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က နဲ့ တောင်ကုတ်မြို့မရဲစခန်းက ဖမ်းဆီး အရေးယူထားတယ်လို့ စခန်းမှူးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013