ထိုင်းအစိုးရအင်တာနက်စာမျက်နှာများအား တိုက်ခိုက်မှုသံသယရှိသူ ၅ ဦးကို ဖမ်းဆီး
ထိုင်းစစ်ကောင်စီအစိုးရနဲ့ ထိုင်းဘဏ္ဍာရေးဝန်ကြီးဌာနအပါအ၀င် အစိုးရဌာနဆိုင်ရာ အင်တာနက်စာမျက်နှာတွေ တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး သံသယရှိသူ ၅ ဦးကို ဖမ်းထားကြောင်း ဒီဇင်ဘာ ၂၃ ရက်နေ့ နေ့စွဲနဲ့ ထိုင်းစစ်ကောင်စီ အစိုးရရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး သနေးရှင်း သတင်းမှာ ဖော်ပြပါတယ်။
ထိုင်းအမျိုးသားညီလာခံက ပြဌာန်းဖို့အတည်ပြုလိုက်တဲ့ Single Gateway ကွန်ပြူတာဥပဒေကို ဝေဖန်ကန့်ကွက်ပြီး အစိုးရ၀က်ပ်ဆိုက်တွေကို တိုက်ခိုက်တယ်လို့ သံသယရှိနေတဲ့ အကောင့်ပိုင်ရှင် တွေကို ဆိုင်ဘာဆိုင်ရာတာဝန်ရှိသူတွေက ရှာဖွေထုတ်ဖော်ကာ အမှတ် ၁၁ ခရိုင် ကြည်းတပ်ဌာနချုပ်မှာ ခေါ်ယူစစ်ဆေးနေတယ်လို့ ဆိုပါတယ်။
ဖမ်းမိထားတဲ့ လူ ၅ ယောက်ကို တပတ်အတွင်း အထူးစုံစမ်စမ်းစစ်ဆေးရေးဌာနကို ပို့ဆောင်ပြီး ရုံးတင်တရားစွဲမယ်လို့ ထိုင်းစစ်ကောင်စီအစိုးရအင်တာနက်စာမျက်နှာမှာ ဖော်ပြပါတယ်။
စစ်ဆေးမေးမြန်းချက်အရ နောက်ထပ်သူတို့အဖွဲ့ဝင် တစ်ရာလောက်ရဲ့ အမည်စာရင်းတွေရထားပြီမို့ မကြာခင် ခေါ်ယူမေးမြန်မြန်းနိုင်မှာဖြစ်ကြောင်း၊ သူတို့အားလုံး နိုင်ငံတော်အားတမင်ထိပါးစေလိုတဲ့ ရည်ရွယ်ချက်ရှိမရှိ ဆက်လက်စစ်ဆေးကာ လိုအပ်သလို အရေးယူသွားမယ်လို့ တာဝန်ရှိသူတွေ အပြော ကို ကိုးကားပြီး သနေးရှင်းက ဖော်ပြသွားပါတယ်။











