DVB Logo
Home
မြန်မာသတင်း
သူနာပြုသားဖွားဝတ်စုံများ ပြင်ဆင်ပြောင်းလဲသွားမည်
DVB
·
December 23, 2016
သူနာပြုသားဖွားဝတ်စုံများ ပြင်ဆင်ပြောင်းလဲသွားမည်
1 / 4
Donate to DVB

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှာ ဒီဇင်ဘာ ၂၃ ရက်နေ့က သူနာပြုသားဖွားဝတ်စုံတွေကို ပြောင်းလဲပြင်ဆင်ဖို့အတွက် ဝတ်စုံမိတ်ဆက်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါတယ်။

“ခေတ်နဲ့ညီပြီး လုပ်ငန်းခွင်မှာလည်း ပေါ့ပါးမှုရှိအောင် ၀တ်စုံလေးတွေကို ပြင်ဆင်ပြောင်းလဲဖို့အတွက် ၀တ်စုံအသစ်တွေကို ၀တ်ဆင်ပြီး မိတ်ဆက်တာပါ။ အရင်ကလိုပါပဲ ခါးရှည်နဲ့ ခါးတိုကွာသွားတယ်။ အရောင်လေးတွေနဲ့ အင်္ကျီအနားကွက်လေးတွေပါလာပါတယ်”လို့ နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံသူနာပြုအုပ်ကြီး ဒေါ်ခင်သန်း က ပြောပါတယ်။

ပြောင်းလဲလိုက်တက် ၀တ်စုံတွေကတော့အင်္ကျီကို ခါးအောက် လက်လေးလုံးရှည်ထားပြီး လက်၊ အိတ်ကပ်တွေမှာ ၁ စင်တီမီတာခန့်ရှိ ရာထူးအဆင့်အလိုက် သတ်မှတ်ထားတဲ့ အရောင်တွေနဲ့ အနားကွပ်ထားပါတယ်။

ဒါ့အပြင် ခေါင်းစောင်း(Cap)ကိုလည်း ရာထူးအဆင့်အလိုက် သတ်မှတ်ထားတဲ့ ၁ စင်တီမီတာခန့်ရှိတဲ့ အရောင်တွေနဲ့ အနားကွပ်ထားပါတယ်။

“သူနာပြုသားဖွားတွေဟာ Nursing Ethics နဲ့အညီ ပြောဆိုပြုမှုဝတ်စားဆင်ယင်ကြရမှာဖြစ်ပါတယ်။ သူနာပြုသားဖွားများရဲ့ ၀တ်စုံများစာ ခေတ်နဲ့အညီ လျော်ညီခြင်း၊ ပေါ့ပါးသွက်စွာ လှုပ်ရှားနိုင်ခြင်း၊ လုံခြုံမှုရှိခြင်း၊ ရာသီဥတုနှင့် အညီကိုက်ညီခြင်း သပ်ရပ်လှပခြင်း၊ သူနာပြုရာထူး အဆင့်ကို အလွယ်တကူသိမြင်နိုင်ခြင်းနဲ့ ပိုးမွှားများ ကာကွယ်ထိန်းချုပ်နိုင်ခြင်း (Infection Control) ကို ဦးတည်ပြီး နိုင်ငံတကာနှင့် လျော်ညီအောင် စီမံဆောင်ရွက်ထားတဲ့ ၀တ်စုံများဖြစ်ဖို့လိုအပ်တယ်”လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း ကပြောပါတယ်။

လက်ရှိ ၀တ်စုံကတော့ အစဉ်အလာနဲ့ မြန်မာဆန်မှုကြောင့် အခမ်းအနားတက် ၀တ်စုံအဖြစ် ဆက်လက်ထားမှာ ဖြစ်ပါတယ်။

အခုလို သူနာပြုဝတ်စုံပြောင်းလဲဝတ်ဆင်နိုင်ဖို့ကို ၂၀၁၇ ခုနှစ် ဇန်န၀ါရီလပိုင်းအတွင်း ပြီးစီးအောင် ဆောင်ရွက်နေပေမယ့် တနိုင်ငံလုံးအတိုင်းအတာနဲ့ ဆောင်ရွက်ရမှာဖြစ်တဲ့အတွက် အချိန်သတ်မှတ် ပေးမှု မရှိသေးဘူးလို့လည်း သူနာပြုအုပ်ကြီး ဒေါ်ခင်သန်းက ဆက်လက်ပြောဆိုပါတယ်။

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013