DVB Logo
Home
မြန်မာသတင်း
ရန်ကုန်-မန္တလေးလမ်းတွင် ကုန်တင်ကား ၃ စီးဆင့်တိုက်
DVB
·
December 23, 2016
ရန်ကုန်-မန္တလေးလမ်းတွင် ကုန်တင်ကား ၃ စီးဆင့်တိုက်
Donate to DVB

ဝမ်းတွင်းမြို့နယ် ရန်ကုန်-မန္တလေးလမ်းမှာ ကုန်တင်ကား ၃ စီးဆင့်တိုက်မှု ဒီနေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့ပါတယ်။

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် ရန်ကုန်-မန္တလေးလမ်း မိုင်တိုင် ၃၆၆/၁ ဒိုင်ကောင်းကုန်းရွာအနီး ၂ လမ်းသွားအနက် ကတ္တရာမခင်းရသေးတဲ့ မြေသားလမ်းပေါ် ချရပ်နားနေတဲ့ ၁၂ ဘီးကုန်တင်ကား ၂ စီးကို ရန်ကုန်၊ သာကေတမြို့နယ်နေ ကိုကိုသက်ထွန်း မောင်းနှင်တဲ့ ဆယ်ဘီးကားမှ ၁၂ ဘီးကား နောက်ပိုင်းကို ၀င်တိုက်မိပြီး ထပ်ဆင့်တိုက်မိတဲ့အတွက် ကား ၃ စီးဆင့်တိုက်မှု ဒီဇင်ဘာ ၂၂ ရက် မနက် ၃ နာရီလောက်က ဖြစ်ပွားခဲ့တာပါ။

“မနက်လင်းခါနီးဆိုတော့ ဆယ်ဘီးကားမောင်းတဲ့ ဒရိုင်ဘာ အိပ်ငိုက်သွားတာ။ ရွာမြောက်ဘက်အထွက် မြေသားလမ်းမှာ ချရပ်ထားတဲ့ ၁၂ ဘီး နှစ်စီးနောက်ပိုင်းကို ဝင်တိုက်တော့ ဆင့်တိုက်လိုက်သလို ဖြစ်သွားတယ်။ ပျက်သွားတဲ့ ၁၂ဘီးကပဲ အမှုဖွင့်တယ်။ လူတွေကတော့ ဘာမှမဖြစ်ကြဘူး”လို့ ဒိုင်ကောင်းကုန်းရွာနေ ကိုဝင်းမြင့်က ပြောပါတယ်။

“ပထမအတိုက်ခံရတဲ့ ကားကဖရိန်ကွေးသွားတယ်။ နောက်တဆင့်တိုက်တဲ့ကားက ဘာမှမဖြစ်ဘူး။ ဝင်တိုက်တဲ့ဆယ်ဘီးကား ခေါင်းကြီးငိုက်ကွေးသွားတယ်။ ဒဏ်ရာမရကြပါဘူး”လို့ စခန်းမှူး ရဲအုပ်ကျော်နိုင်စိုးက ပြောပါတယ်။

အမှုအမှတ်ယာဉ်(ပ)၂၂/၂၀၁၆ဖြင့် ယာဉ်မဆင်မခြင်မောင်းနှင်သော ပြစ်မှုပုဒ်မ- ၂၇၉ ရွှေတောင်ရဲစခန်းမှ ရဲအုပ်ကျော်နိုင်စိုးက အမှုဖွင့်ဆောင်ရွက်နေပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013