DVB Logo
Home
မြန်မာသတင်း
သတင်းထောက်အသတ်ခံရမှု အမှုမှန်ပေါ်ပေါက်ရေး စစ်တွေတွင် ဆုတောင်းပွဲပြုလုပ်
DVB
·
December 23, 2016
သတင်းထောက်အသတ်ခံရမှု အမှုမှန်ပေါ်ပေါက်ရေး စစ်တွေတွင် ဆုတောင်းပွဲပြုလုပ်
Donate to DVB

Eleven Media Group က မုံရွာအခြေစိုက်သတင်းထောက် ကိုစိုးမိုးထွန်း အသတ်ခံရမှုနဲ့ ပတ်သက်လို့ ရခိုင်သတင်းသမားတွေက အမှုမှန်ပေါ်ပေါက်ဖို့ ဆုတောင်းပွဲအခမ်းအနားတခု ပြုလုပ်ခဲ့ပါတယ်။

အဲဒီဆုတောင်းပွဲ အခမ်းအနားကို စစ်တွေမြို့ ပြည်လုံးချမ်းသာဘုရားကြီးမှာ ဒီဇင်ဘာ ၂၃ ရက်နေ့ မနက်ပိုင်း ၉ နာရီက ပြုလုပ်ခဲ့တာဖြစ်ပြီး ရခိုင်အခြေစိုက်သတင်းသမားတွေက ပြုလုပ်ခဲ့တာဖြစ်ပါ တယ်။

ကိုစိုးမိုးထွန်း အသတ်ခံရတာနဲ့ပတ်သက်လို့ အမှုမှန်ပေါ်ပေါက်ရေးနဲ့ သတင်းသမားတွေအပေါ် ခြိမ်းခြောက်လုပ်ကြံသတ်ဖြတ်လာမှုအပေါ်ကင်းဝေးစေဖို့ ဆုတောင်းပွဲပြုလုပ်ရတာလို့ Eleven Media Group ရဲ့ စစ်တွေအခြေစိုက် အကြီးတန်းသတင်းထောက် ကိုသန်းလှိုင်က ဒီဗွီဘီကို ပြောပါတယ်။

“အခုလိုမီဒီယာတွေအပေါ် ခြိမ်းခြောက်အသတ်ခံရတာမျိုး နောက်မဖြစ်စေချင်ဘူး။ အဲ့ဒီလိုအဖြစ်ဆိုးမျိုး ကနေ လွှတ်မြောက်စေကြောင့်ဆုတောင်းပွဲ လာလုပ်တာပါ။ မသမာတဲ့ လူတစုကနေပြီးတော့ သတင်းထောက်တွေကို သတ်တယ်ဆိုတာကတော့ သတင်းထောက်လောက တခုလုံးကို စိုးရိမ်စရာ အခြေအနေတခုအထိ ရောက်သွား အောင်ဖန်တီးလိုက်တယ်လို့ပဲမြင်တယ်။”

ကိုယ့်ကျိုးအတ္တတခုအတွက်နဲ့ ပြည်သူတွေရဲ့နားမျက်စိဖြစ်တဲ့ သတင်းသမားတွေကို အခုလို တိုက်ခိုက်တော့ စိတ်ဓာတ်တွေဟာ တော်တော်ကို အောက်တန်းကျတယ်လို့ နိရဉ္စရာသတင်းဌာနမှ အကြီးတန်း သတင်းထောက်ကိုမာန်ယုကျော်က ဒီဗွီဘီကို ပြောပါတယ်။

“သတင်းထောက်တွေဆိုတာက အမှန်တရားတွေကို ဖော်ထုတ်ရေးသားတဲ့အခါမှာ ဖုံးကွယ်ချင်တဲ့ လူတစုသတင်းသမားတွေကို မနာလိုဘူးဖြစ်ကြတယ်။ အဲဒါကြောင့် သူတိုရဲ့ မဟုတ်အမှန်အလုပ်တွေ လုပ်ထားတာကို ပေါ်သွားမှာကြောက်တာကြောင့် သတင်းသမားတွေကို ပစ်မှတ်ထားပြီးတော့ အခုလိုရက်စက် လုပ်ကြံ သတ်ဖြတ်လာတယ်။ တိုက်ခိုက်လာတယ်ပေါ့။ ဒါတွေကတော့ မဖြစ်သင့်ဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ ကိုယ့်ကျိုးအတ္တတခုအတွက်နဲ့ ပြည်သူတွေရဲ့နားမျက်စိဖြစ်တဲ့ သတင်းသမားတွေကို အခုလိုတိုက်ခိုက်တာကတော့ သူတို့ရဲ့စိတ်ဓာတ်တွေဟာ တော်တော်ကို အောက်တန်းကျတယ်လို့ ကျနော်သုံးသပ်ပါတယ်။”

ကိုစိုးမိုးထွန်းဟာ ဒီဇင်ဘာ၁၂ရက်နေ့ မနက်ပိုင်းက မုံရွာမြို့ အောင်ချမ်းသာရပ်ကွက်နဲ့ မြို့သစ်ရပ်ကွက် ကြား ဂေါက်ကွင်းအနီး ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ဦးခေါင်းကွဲဒဏ်ရာနဲ့ မျက်ခုံးကွဲဒဏ်ရာနဲ့ သေဆုံးးခဲ့ တာဖြစ်ပါတယ်။

အဲဒီသေဆုံးမှုနဲ့ပတ်သက်လို့ မုံရွာမြို့မရဲစခန်းက အမှတ်စဉ် ၁၀/၂၀၁၆(ပ) ၁၅၆၄/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်စစ်ဆေးနေပြီး၊ မသင်္ကာတဲ့ လူနှစ်ဦးကိုလည်း ရမန်ယူ စစ်ဆေးနေပါတယ်။

သတင်း - ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013