DVB Logo
Home
မြန်မာသတင်း
ထိုင်းစစ်ကောင်စီအစိုးရနှင့် စစ်တပ်၊ ရဲ၊ ဌာနဆိုင်ရာ အင်တာနက်စာမျက်နှာများ တိုက်ခိုက်ခံရ
DVB
·
December 23, 2016
ထိုင်းစစ်ကောင်စီအစိုးရနှင့် စစ်တပ်၊ ရဲ၊ ဌာနဆိုင်ရာ  အင်တာနက်စာမျက်နှာများ တိုက်ခိုက်ခံရ
1 / 2
Donate to DVB

ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၊ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးဌာန၊ မော်တော်ယာဉ် စည်းကမ်းထိန်းသိမ်းရေး

ရဲတပ်ဖွဲ့နဲ့ အစိုးရဌာန ၀က်ဘ်ဆိုဒ်တွေ တိုက်ခိုက်ခံရနေရပြီး ဒီနေ့မနက်ကလည်း ခေါဆော်ချော လို့ခေါ်တဲ့ ထိုင်းနိုင်ငံ အေးချမ်းတည်ငြိမ်မှုထိန်းသိမ်းရေးကောင်စီနဲ့ ကောင်စီဒုဥက္ကဋ္ဌရဲ့ ၀က်က်ဆိုဒ်တို့ တိုက်ခိုက်ခံခဲ့ရပါတယ်။

ခေါဆော်ချောရဲ့ ၀က်ဘ်ဆိုဒ် တိုက်ခိုက်ခံရပေမယ့် သူတို့မှာ ကောင်းမွန်တဲ့ကာကွယ်မှု စနစ်တွေရှိတာကြောင့်  ဖွင့်ရာမှာ အနည်းငယ်ကြန့်ကြာတာကလွဲလို့ အချက်အလက်တွေတော့ ပျက်စီး ပျောက်ဆုံးမှုမရှိဘူးလို့ ထိုင်းကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ချလိုမ်ချိုင်း ဆစ်ထိဆဒ်က ဒီနေ့မနက် ၇ နာရီက  ကြည်းတပ်တပ်ဖွဲ့ဝင်တွေကို ပြောကြားခဲ့ပါတယ်။

အလားတူ ဘဏ္ဍာရေးဌာနရဲ့ ၀က်ဘ်ဆိုဒ်လည်း အတိုက်ခံရပေမယ့် အချက်အလက်တွေ ထိခိုက်မှုမရှိကြောင်း၊ အခုလိုတိုက်ခိုက်နေတဲ့ အုပ်စုဟာ အစိုးရကပြဋ္ဌာန်းတဲ့ ကွန်ပျူတာဥပဒေကို နားမလည်တဲ့ လူငယ်တွေဖြစ်တယ်လို့ ဆိုပါတယ်။

thai

အဆိုပါလူငယ်တွေအနေနဲ့  ဒီလိုလုပ်လိုက်ရတော့ ကျေနပ်အားရမှု ရှိပေမယ့် နိုင်ငံကိုထိခိုက်နိုင်ကြောင်း၊ အစိုးရအနေနဲ့ ပြဋ္ဌာန်းတဲ့ ကွန်ပျူတာဥပဒေကို လူအများ နားလည်သဘောပေါက်အောင် ဆက်လက်ဆောင်ရွက်သွားမှာဖြစ်သလို ၀က်ဘ်ဆိုဒ်တိုက်ခိုက်ခံရမှုကိုလည်း စုံစမ်းဖော်ထုတ်အရေးယူသွားမယ်လို့ ဗိုလ်ချုပ်ကြီး ခလိုမ်ချှို်င်းက ပြောသွားပါတယ်။

ထောင်ဒဏ် ၅ နှစ်ထိ ကျခံရမယ့် ကွန်ပျုတာဥပဒေတရပ်ကို ထိုင်းအမျိုးသား ညီလာခံက ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၆ ရက် အစည်းအဝေးမှာ အတည်ပြုခဲ့ပြီး အဲဒီဥပဒေကို လက်မခံနိုင်တဲ့ လူမှုကွန်ရက်အုပ်စုက ကန့်ကွက်ကာ အစိုးရဌာနဆိုင်ရာဝက်ဘ်ဆိုဒ်တွေကို လိုက်ပြီး “ဟက်” နေတာပါ။

အဆိုပါ ကွန်ုပျူတာဥပဒေမှာ Single Gateway လို့ခေါ်တဲ့  ၀က်ဘ်ဆိုဒ် အ၀င်အထွက်တွေကို အစိုးရက ဦးစွာစိစစ်တဲ့စနစ်ဖြစ်ပြီး ဒါကိုလက်မခံနိုင်တဲ့ လူတွေက ကန့်ကွက်တိုက်ခိုက်နေတာ ဖြစ်ပါ တယ်။

Single Gateway စနစ်ဟာ နိုင်ငံသားတွေရဲ့ လွတ်လပ်မှုအခွင့်အရေးကို ချိုးဖောက်ရာရောက်တဲ့အတွက် လက်မခံနိုင်ကြောင်း၊ အစိုးရအနေနဲ့ ဒီပြဋ္ဌာန်းချက်ကို ပြန်လည်ဆိုင်း ငံ့ပေးဖို့ တောင်းဆိုကြောင်း၊ တောင်းဆိုချက်မလိုက်လျောဘူးဆိုရင် ဒီဇင်ဘာ ၂၀ ရက်နေ့ကစပြီး ဆိုက်ဘာတိုက်ပွဲ ဆင်နွှဲသွားမယ်လို့ OpSingleGateway လို့ခေါ်တဲ့ Single Gateway ဆန့်ကျင်ရေးအဖွဲ့က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ နေ့မှာ ကြေညာခဲ့ပါတယ်။

သူတို့အဖွဲ့ဟာ အင်တာနက်သုံးစွဲသူ ပြည်သူပေါင်း ၃ သိန်းကို ကိုယ်စားပြုတယ်လို့ ပြောဆိုပြီး  အစိုးရဌာနရဲ့ ၀က်ဘ်ဆိုဒ်တွေကို ၀ိုင်းဝန်းတိုက်ခိုက်ကြဖို့  နှိုးဆော်ထားသလို ၀င်တိုက်လို့ရတဲ့ password  တွေလည်း ဖြန့်ဝေခဲ့ပါတယ်။

ကိုးကား - http://www.matichon.co.th/news/403902/ 

/ https://www.khaosod.co.th/breaking-news/news_156383 /

ဆိုင်ဘာတိုက်ပွဲဝင်သူများရဲ့ ဖေ့စ်ဘုတ်

https://www.facebook.com/%E0%B8%9E%E0%B8%A5%E0%B9%80%E0%B8%A1%E0%B8%B7%E0%B8%AD%E0%B8%87%E0%B8%95%E0%B9%88%E0%B8%AD%E0%B8%95%E0%B9%89%E0%B8%B2%E0%B8%99-Single-Gateway-Thailand-Internet-Firewallopsinglegateway-1801951753351609/?fref=ts 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013