DVB Logo
Home
မြန်မာသတင်း
လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး နိုင်ငံတကာချေးငွေ ဒေါ်လာသန်း ၂၆၀ ကျော် ရရှိထား
DVB
·
December 23, 2016
လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး နိုင်ငံတကာချေးငွေ ဒေါ်လာသန်း ၂၆၀ ကျော် ရရှိထား
Donate to DVB

အစိုးရသစ် လက်ထပ်မှာ မြန်မာ့လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာအဖွဲ့ အစည်းတွေကနေ ထောက်ပံ့ထားတဲ့ ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၂၆၀ ကျော် ရရှိထားတယ်လို့  စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန် ကြီးဌာနက သတင်းရရှိပါတယ်။

အဲ့ဒီချေးငွေတွေကို ကမ္ဘာ့ဘဏ်၊ အာရှိဖွံ့ဖြိုးရေးဘဏ်(ADB) နဲ့ အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေး ဖွံ့ဖြိုးမှုအဖွဲ့ (IFAD)ကနေ ရရှိခဲ့တာဖြစ်ပြီး စီမံကိန်း ၂၁ ခုကို ဆောင် ရွက်သွားမှာဖြစ်တယ်လို့  စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောပါတယ်။

စီမံကိန်းတွေထဲမှာ စိုက်ပျိုးရေးဆိုင်ရာ တန်ဖိုးကွင်းဆက် မြှင့်တင်ခြင်း၊ စိုက်ပျိုးရေ ပေးဝေရေး လုပ်ငန်းများ ပိုမိုခိုင်မာစေခြင်း၊ ရေအရင်း အမြစ်ပေါင်းစပ်စီမံခန့်ခွဲမှုစွမ်းရည် မြှင့်တင်ခြင်း လုပ်ငန်းတွေ ကို မန္တလေး၊ မကွေးတိုင်းဒေသကြီး အပူပိုင်းဇုန်နဲ့ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က ဆည်ရေသောက် ဧရိယာတွေမှာ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

သတင်း - AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013