DVB Logo
Home
မြန်မာသတင်း
နိုင်ငံခြားသား ၂၆၀ ကျော်ကို အမြဲတမ်းနေထိုင်ခွင့်ချပေး
DVB
·
December 23, 2016
နိုင်ငံခြားသား ၂၆၀ ကျော်ကို အမြဲတမ်းနေထိုင်ခွင့်ချပေး
Donate to DVB

 

မြန်မာနိုင်ငံမှာပြီးခဲ့တဲ့ ၂နှစ်တာကာလအတွင်း   နိုင်ငံခြားသား အမြဲနေထိုင်ခွင့်လျောက်ထားသူ ၂၆၀ ကျော်ကို ခွင့်ပြုပေးခဲ့တယ်လို့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

မနေ့က နေပြည်တော်သမ္မတရုံးမှာ ကျင်းပတဲ့ နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ် စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးမှာ ကော်မတီဥက္ကဋ္ဌ ဦးဟင်နရီဗန်ထီးယူကပြောကြားခဲ့တာလို့ ဒီကနေ့ ထုတ်နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြပါတယ်။

၂၀၁၅ ဇန်န၀ါရီ ၂၉ ရက်ကနေ စတင်ကာ လျှောက်လွှာတွေကို လက်ခံဆောင်ရွက်ခဲ့ရာမှာ ယနေ့အထိ အမြဲနေထိုင်ခွင့်လျှောက်ထားသူ စုစုပေါင်း ၃၅၀ ဦးရှိတဲ့အနက် ၂၆၂ ဦးကို ခွင့်ပြုပေးခဲ့ပြီးဖြစ်ကြောင်း၊ နည်းဥပဒေပါ သတ်မှတ်ချက်နဲ့  မကိုက်ညီလို့ ငြင်းပယ်ခဲ့သူ ၅ ဦးရှိပြီး ဗဟိုကော်မတီက လူတွေ့စစ်ဆေးဖို့ ကျန်ရှိသူ ၁၅ ဦးနဲ့ လုပ်ငန်းကော်မတီက စိစစ်ဖို့ ကျန်သူ ၆၈ ဦး ရှိတယ်လို့ ဆိုပါတယ်။

တည်ဆဲဥပဒေအရ နှစ်နိုင်ငံသားခံယူခွင့်စနစ်ကို ခွင့်ပြုထားတာမရှိလို့  မြန်မာပြည်မှာ ကာလရှည်နေထိုင် ရင်းနှီးမြှုပ်နှံလို သူတွေ၊ ကျွမ်းကျင် ပညာရှင်တွေ၊ မြန်မာနိုင်ငံသားဟောင်းတွေနဲ့ နိုင်ငံသားနဲ့ သွေးချင်းဆက်စပ်သူ နိုင်ငံခြားသားတွေအတွက် အမြဲနေထိုင်ခွင့်စနစ်ကို ပြီးခဲ့တဲ့ အစိုးရ လက်ထက်ကတည်းက ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013