DVB Logo
Home
မြန်မာသတင်း
ငရုတ်သီးမှုန့်တံဆိပ် ၆၀ ခန့် ဘေးအန္တရာယ်မကင်းဟု ကျန်းမာရေး ကြေညာ
DVB
·
December 23, 2016
ငရုတ်သီးမှုန့်တံဆိပ် ၆၀ ခန့် ဘေးအန္တရာယ်မကင်းဟု ကျန်းမာရေး ကြေညာ
Donate to DVB

ပြည်တွင်းမှာ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေတဲ့ ငရုတ်သီးမှုန့် အမှတ်တံဆိပ် ၆၀ လောက်ဟာ ဘေးအန္တရာယ်ကင်းရှင်းမှုနဲ့ အရည်အသွေး အာမခံချက် မရှိဘူးလို့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာနက အသိပေးကြေညာလိုက်ပါတယ်။

ငရုတ်သီးမှုန့် တံဆိပ်အမျိုးမျိုး ၅၈ ခုနဲ့ မဆလာ တံဆိပ်တမျိုးတို့ဟာ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာနရဲ့ အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက် ရရှိထားခြင်းမရှိလို့ အခုလို အသိပေး ကြေညာတာ ဖြစ်ပါတယ်။

ပစ်တိုင်းထောင်၊ ရွှေကျီး၊ ရွှေကျောက်ဆည်၊ စပယ်ဦး၊ ရွှေ၊ ရွှေတီ၊ မြဝတီ၊ စိန်၊ ကောင်းကောင်း၊ ကရဝိတ်၊ ရွှေမြင့်မိုရ်၊ နန်းတော်၊ ကောင်းမွှေး၊ နန်းဆန်သူ၊ ဒေါ်ဖြူ၊ မီးမီးလေး၊ ကြူမွှေး စတဲ့ ငရုတ်သီးမှုန့် အမှတ်တံဆိပ်တွေ ဖော်ပြပါရှိပြီး အများပြည်သူ အသုံးများတဲ့ နာမည်ကြီး ငရုတ်သီးမှုန့် အမှတ်တံဆိပ်တွေ မပါပါဘူး။

အစားအသောက် ဆေးဝါးကွပ်ကဲရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာထွန်းဇော်က ဒီ ငရုတ်သီးမှုန့် အမှတ်တံဆိပ်တွေဟာ ဌာနမှာ မှတ်ပုံတင်မထားလို့ အခုလို ကြေညာရတာဖြစ်ပြီး သိမ်းဆည်းဖျက်ဆီးသွားဖို့ ဆက်လုပ်နေတယ်လို့ ပြောပါတယ်။

“ကျနော်တို့ ဘာလုပ်ဖို့ ကျန်သေးလဲဆိုတော့ သူတို့ ထုတ်လုပ်ထားတဲ့ ကုန်ပစ္စည်းများကို သူတို့ဘာသာ ပြန်လည်သိမ်းယူ၊ ပြီးရင်တော့ ဖျက်ဆီးဖို့ လုပ်ငန်းတဆင့် ကျန်သေးတယ်။ အဲဒါ လုပ်ပြီးရင်တော့ ပြီးပြီ။”

အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက ပြည်တွင်းထုတ် ငရုတ်သီးမှုန့် နမူနာ ၆၀၀ ကျော်ကို စစ်ဆေးခဲ့ပြီး ဒီထဲမှာ နာမည်တပ်ရောင်းတဲ့ ငရုတ်သီးမှုန့် ၇၅ မျိုး ပါဝင်ပါတယ်။

ဒီထဲကမှ ၁၅ မျိုးဟာ အစားအသောက် ဆေးဝါးကွပ်ကဲရေးဌာနမှာ မှတ်ပုံတင်ထားပြီး ကျန် ၆၀ က မှတ်ပုံတင်မထားတာ ဖြစ်ပါတယ်။

ငရုတ်သီးမှုန့်ထုတ်လုပ်တဲ့ ပိုင်ရှင်များအနေနဲ့ ဈေးကွက်အတွင်းရှိ ငရုတ်သီးမှုန့်များကို ပြန်လည်သိမ်းယူပြီး ကျန်းမာရေးနဲ့ညီညွတ်ကြောင်း ထောက်ခံချက်ယူဖို့ ဌာနက နှိုးဆော် အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013