DVB Logo
Home
မြန်မာသတင်း
အမြန်လမ်းမကြီးပေါ်တွင် မန္တလာမင်း ခရီးသည်ယာဉ် တိမ်းမှောက်၊ ၇ ဦးသေဆုံး
DVB
·
December 23, 2016
အမြန်လမ်းမကြီးပေါ်တွင် မန္တလာမင်း ခရီးသည်ယာဉ် တိမ်းမှောက်၊ ၇ ဦးသေဆုံး
Donate to DVB

နေပြည်တော်ကနေ ရန်ကုန်ကို မောင်းနှင်လာတဲ့ မန္တလာမင်း ခရီးသည်တင်ယာဉ်ဟာ ဒီဇင်ဘာ ၂၂ ရက် ည ၇ နာရီကျော်လောက်က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ် မိုင်တိုင်အမှတ် ၉၁ မိုင် ၄ ဖာလုံနဲ့ ၅ ဖာလုံအကြားမှာ တိမ်းမှောက်သွားတဲ့အတွက် ခရီးသည် ၇ ဦး သေဆုံးသွားပါတယ်။

မန္တလာမင်းကားဟာ ရှေ့ဝဲဘက်ဘီးပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ တံတား ၂ ခုကြား ရိုးချောင်းထဲကို ထိုးကျ မှောက်ခဲ့တာဖြစ်တယ်လို့ ရဲမှတ်တမ်းတွေက ဆိုပါတယ်။

ယာဉ်တိမ်းမှောက်မှုကြောင့် အမျိုးသား ၄ ဦး၊ အမျိုးသမီး ၃ ဦး သေဆုံးပြီး ၃၇ ဦး ဒဏ်ရာရသွားပါတယ်။

သေဆုံးတဲ့သူတွေနဲ့ လူနာတွေကို လူနာတင်ယာဉ်တွေနဲ့ မြို့ချောင်းဆေးရုံကို ပို့ထားတယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့ တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

ယာဉ်တိမ်းမှောက်ရာနေရာမှာ မြို့ချောင်းနဲ့ ဖြူး၊ အမြန်လမ်းမကြီးရဲစခန်းက တာဝန်ရှိသူတွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ လူမှုကူညီရေးအသင်းအဖွဲ့တွေက ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။

သတင်း - ကျော်အောင် (ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013