DVB Logo
Home
မြန်မာသတင်း
၆၆ (ဃ) နှင့် တရားစွဲဆိုမှု ၄၅ မှု ရှိ
DVB
·
December 22, 2016
၆၆ (ဃ) နှင့် တရားစွဲဆိုမှု ၄၅ မှု ရှိ
Donate to DVB

 

၂ဝ၁၆ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်နေ့အထိ ကောက်ခံရရှိသောစာရင်းများအရ ၆၆(ဃ) နဲ့ တရားရုံးတင်ပြီးတရားစွဲဆိုမှု  စုစုပေါင်း ၄၅ မှုရှိသွားပြီဖြစ်တယ်လို့ ဆက်သွယ်ရေးဥပဒေဆိုင်ရာ သုတေသနအဖွဲ့က ထုတ်ပြန်ပါတယ်။

ဒီထဲ အစိုးရသစ်လက်ထက် စွဲဆိုထားမှုပေါင်း ၃၈ မှု ဖြစ်ပြီး  ၆၆ (ဃ) နဲ့ ဖမ်းဆီးခံထားရသူ ၁၆ ဦး၊ ပြစ်ဒဏ်ချမှတ်ခံထားရသူ ၃ ဦး ရှိပါတယ်။

ဒီစာရင်းမှာ တိုင်ကြားသူရှိပြီး တရားခံမဖော်ထုတ်နိုင်သေးသော အမှုများနဲ့ ရဲစခန်းမှာတင် အမှုပိတ်သိမ်းသွားသော အမှုများထည့်သွင်းတွက်ချက်ခြင်းမရှိပါဘူး။

ဆက်သွယ်ရေးဥပဒေ အမြန်ဆုံးပြင်ဆင်ပေးရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီက ကိုအောင်ဇော်ထွေး က ဆက်သွယ်ရေးဥပဒေကို ဖျက်သိမ်းဖို့ မဟုတ်ဘဲ ပြင်ဆင်ပေးဖို့ သူတို့ တောင်းဆိုနေတာလို့ ပြောပါတယ်။

"ကျနော်တို့က ဒီ ဥပဒေကို ဖျက်ခိုင်းတာ မဟုတ်ဘူးခင်ဗျ။ ရှိသင့်တယ်။ ဒါပေမယ့် ပြင်ရမယ်၊ သက်သေ မခိုင်လုံဘဲ ဖမ်းဆီးတာတို့ အကောင့်အတုဖွင့်ပြီး လုပ်လည်း လာဖမ်းတဲ့ သဘောမျိုးတွေ ဖြစ်နေတယ်။ နည်းဥပဒေ ခိုင်ခိုင်မာမာ မရှိဘူး။ နောက်တခါ အိုင်တီ နည်းပညာရှင်တွေ အကူအညီလိုတယ်၊ အခုက စီအိုင်ဒီ ရဲ့ စစ်ချက်တခုထဲနဲ့ ဒီ ပုဒ်မကို အရေးယူ ဆောင်ရွက်နေတယ်။ အာမခံ ပေးလို့ရတဲ့ ပုဒ်မ တခု ဖြစ်စေချင်တယ်၊"

ဒီဇင်ဘာ ၂၁ ရက်က နေပြည်တော်မှာလုပ်ခဲ့တဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်ရဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ သူက ဒီ ဥပဒေ ဆက်ရှိသင့်တဲ့သဘောမျိုး ပြောဆိုသွားပြီး လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ခုချိန်ထိ ဒီဥပဒေနဲ့ပတ်သက်လို့ တင်ပြဆွေးနွေးလာတာ မရှိသေးဘူးလို့ ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013