DVB Logo
Home
မြန်မာသတင်း
ရွှေဈေးထပ်ကျမည်၊ ရွှေမဝယ်ယူသင့်သေးဟု ရွှေလုပ်ငန်းရှင်များအသင်း ပြော
DVB
·
December 22, 2016
Donate to DVB

ရွှေဈေး ထပ်ကျဖို့ရှိနေလို့ ရွှေမဝယ်ယူသင့်သေးဘူးလို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက ပြောပါတယ်။

ပြင်ပဒေါ်လာပေါက်ဈေးက ဆက်လက်မြင့်တက်နေပေမယ့် ကမ္ဘာ့ရွှေဈေးက ဆက်တိုက်ကျဆင်းနေလို့ ပြည်တွင်းရွှေဈေးက ဆက်လက်မမြင့်တက်ဘဲ ဈေးအနိမ့်ပိုင်းမှာပဲ တည်ငြိမ်နေပါတယ်။

လက်ရှိပြည်တွင်းရွှေဈေးက ကမ္ဘာ့ရွှေဈေးနဲ့အတူ ထပ်မံကျဆင်းဖို့ ရှိနေပေမယ့် ပြင်ပဒေါ်လာပေါက်ဈေးက မြင့်တက်နေလို့သာ တည်ငြိမ်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်တွင်းရွှေဈေးက ထပ်ကျဖို့ရှိနေလို့ ရွှေဝယ်ယူသူတွေအနေနဲ့ ရွှေမဝယ်ယူသင့်သေးဘူးလို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောပါတယ်။

“ဒီဈေးက မဝယ်သင့်သေးပါဘူး။ ကမ္ဘာ့ဈေးနဲ့နှိုင်းယှဉ်ရင် ပြည်တွင်းဈေးက အမြင့်ပိုင်းမှာ ရှိနေတာကြောင့် ရွှေ ၁ ကျပ်သားကို ၇ ထောင်၊ ၈ ထောင်လောက် ပိုနေတဲ့အတွက်၊ ရံဖန်ရံခါလည်း ဒီက ၁ သောင်းလောက် မြင့်နေတဲ့အတွက် နိမ့်ရာကနေ မြင့်အောင်လို့ မကြာခင် ရွှေကုန်ကြမ်းတွေ၊ ကုန်ချောတွေ ဝင်ရောက်နိုင်တဲ့အတွက် ဝယ်ယူမယ်ဆိုရင်တော့ စောင့်ကြည့်ပြီး အနိမ့်ပိုင်းရောက်မှ ဝယ်ယူသင့်တယ်လို့ အကြံပေးချင်ပါတယ်။ ပြင်ပဒေါ်လာဈေးတက်နေပေမယ့် ပြည်တွင်းရွှေဈေးကတော့ ပြန်လည်ကျဆင်းနေတာ တွေ့ရပါတယ်။”

ရွှေဈေးနှုန်းက အရင်ထက် ပြန်လည်ကျဆင်းနေပေမယ့် ဈေးကွက်ထဲမှာတော့ ရွှေဝယ်ယူလိုသူတွေ နည်းနေပြီး ရောင်းချလိုသူတွေသာ များနေတာပါ။

“အခုကတော့ နည်းနည်းလေး ပြန်ကျနေတာပေါ့။ ပြီးခဲ့တဲ့ တရက်၊ နှစ်ရက်က ဒေါ်လာဈေးတွေ ပြုတ်ကျသွားတယ်လေ။ ကားပါမစ်ပိတ်လိုက်တယ်၊ ဘာညာဆိုပြီးတော့။ ၁၄၃၀ ကျော်ကနေ ၁၄၀၀ အောက်ကို ရောက်သွားတယ်။ အဲဒီမှာ ရွှေဈေးကလည်း ၈ သိန်း ၆ သောင်းကျော်ကနေ အခု ၈ သိန်း ၅ သောင်းကျော် ပြန်ကျလာတယ်။ အရောင်းအဝယ်တွေကတော့ ခပ်ပါးပါးပဲ။ သိပ်တော့မကောင်းသေးဘူး”   လို့ ရွှေဆိုင်ပိုင်ရှင် ဦးဇော်အောင်က ပြောပါတယ်။

ဒီဇင်ဘာ ၂၁ ရက်နေ့မှာတော့ အခေါက်ရွှေ ၁ ကျပ်သားကို ကျပ် ၈၅၆,၈၀၀ ပေါက်ဈေးရှိနေပြီး ၁၆ ပဲရည်ရွှေ အရောင်းအဝယ်ဈေးကွက်ထဲမှာလည်း ရောင်းချနေသူတွေသာ များပါတယ်။

ရွှေဈေးနှုန်းက ကျပ် ၈ သိန်းဝန်းကျင်ကို ပြန်ရောက်မှသာ အရောင်းအဝယ်ဈေးကွက်က ပြန်ကောင်းလာနိုင်တယ်လို့ ဈေးကွက်ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013