DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းလုပ်သားများ ကမ္ဘောဇဘဏ်သို့ တိုက်ရိုက်ငွေလွှဲနိုင်
DVB
·
December 22, 2016
Donate to DVB

ထိုင်းနိုင်ငံမှာရှိနေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ ကမ္ဘောဇဘဏ်ကို အသုံးပြုပြီး မြန်မာနိုင်ငံကို တိုက်ရိုက်ငွေလွှဲနိုင်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကနေ ရွှေ့ပြောင်းလုပ်သား အများဆုံး သွားရောက်လုပ်ကိုင်နေတဲ့ ထိုင်းနိုင်ငံကနေ ပြည်တွင်းကို ဘဏ်ကတဆင့် တိုက်ရိုက်ငွေလွှဲနိုင်မယ့် အစီအစဉ်ကို ကမ္ဘောဇာဘဏ်နဲ့ ထိုင်းနိုင်ငံက ကာဆီကွန်း (Kasikorn) ဘဏ်တို့ နှစ်ဘက်သဘောတူစာချုပ်ကို ဒီဇင်ဘာ ၂၁ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ပါတယ်။

ဒါဟာ မြန်မာနိုင်ငံမှာ ပထမဦးဆုံး ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ ဘဏ်ဝန်ဆောင်မှုနဲ့ ငွေလွှဲနိုင်တဲ့ အစီအစဉ်ဖြစ်ပြီး ၂၀၁၇ ခုနှစ် မတ်လအတွင်းမှာပဲ စတင်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

အထောက်အထားမရှိတဲ့ ရွှေ့ပြောင်းလုပ်သားတွေအတွက် သက်ဆိုင်ရာ ထောက်ခံချက်တခုခု ရှိရုံနဲ့ ထိုင်းဘက်ကနေ မြန်မာပြည်ထဲက ကမ္ဘောဇာဘဏ်ခွဲတိုင်းကို ငွေလွှဲနိုင်မှာ ဖြစ်ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံကို လာတုန်းက သဘောတူညီချက်အရ အထောက်အထားမရှိတဲ့ အလုပ်သမားတွေလည်း အထောက်အထား ရလာမှာပါ။ ဒါဆိုရင် ဘဏ်ဝန်ဆောင်မှုသုံးပြီး ငွေလွှဲနိုင်မှာပါ” လို့ ကာဆီကွန်းဘဏ် ဒုတိယဥက္ကဋ္ဌ Mr.Worawut က ပြောပါတယ်။

လက်ရှိအချိန်မှာ ထိုင်းနိုင်ငံကိုရောက်နေတဲ့ မြန်မာလုပ်သားတွေဟာ တရားမဝင် ဟွန်ဒီစနစ်ကိုသုံးပြီး ငွေလွှဲနေရတဲ့အတွက် ငွေလွှဲခတွေ အများအပြား ပေးနေရသလို လုံခြုံစိတ်ချရမှုအပိုင်းလည်း အားနည်းနေတာပါ။

ကမ္ဘောဇာဘဏ်ကတော့ ငွေလွှဲနှုန်းကို အသက်သာဆုံးဖြစ်အောင် ဆောင်ရွက်သွားဖို့ စီစဉ်နေတဲ့အပြင် ဖြစ်နိုင်မယ်ဆိုရင် ငွေလွှဲခ အခမဲ့ပြုလုပ်ပေးသွားမယ်လို့ ကမ္ဘောဇဘဏ်မှ မန်နေဂျင်းဒါရိုက်တာ ဦးဝင်းလွင်က ဆိုပါတယ်။

“အလုပ်သမား ၃ သန်းလုံးကိုတော့ ကာဆီကွန်းဘဏ်တခုတည်းနဲ့ ဘယ်လိုမှ ကာဗာမဖြစ်နိုင်ဘူး။ အဲဒီအတွက်ကြောင့်မို့လို့ ကျန်ရှိနေတဲ့ ခရွန်ထိုင်းဘဏ်တို့၊ ဆီယမ်ကော်မာရှယ်ဘဏ်တို့၊ ဘန်ကောက်ဘဏ်တို့ ကျနော်တို့ အကုန်အတူတူတွဲပြီး လုပ်ရမှာ။ အဲဒီတော့ ကျနော်တို့ စလုပ်ပြီဆိုတော့မှ ကမ္ဘောဇဘဏ်တခုတည်း မဟုတ်ဘူး၊ နောက်ပိုင်းမှာ ဧရာတို့၊ စီဘီတို့ ကျနော်တို့ ညီနောင်ဘဏ်တွေ အကုန်လုံး ဝင်လာမှာ။ ကျနော်တို့တိုင်းပြည်အတွက် ကျနော်တို့လုပ်နေတာ။ တိုင်းပြည် အီကော်နော်မီ ကောင်းဖို့အတွက် ကျနော်တို့ လုပ်နေတာ။”

ထိုင်းနိုင်ငံဘက်မှာ မြန်မာရွှေ့ပြောင်းလုပ်သား ၃ သန်းလောက် နေထိုင်လုပ်ကိုင်နေကြပြီး ဟွန်ဒီစနစ်နဲ့ ငွေလွှဲနေတာကြောင့် တနှစ်ကို ငွေပမာဏဘယ်လောက် ပြည်တွင်းကို စီးဝင်နေတယ်ဆိုတာကို ဗဟိုဘဏ်အနေနဲ့ ခန့်မှန်းလို့မရပါဘူး။

ကမ္ဘောဇဘဏ်ဟာ လက်ရှိမှာ ထိုင်းဘက်က ကာဆီကွန်းဘဏ်နဲ့ အမ်အိုယူ ရေးထိုးထားခဲ့ပေမယ့် နောက်ပိုင်းမှာ ထိုင်းဘက်က ကျန်နေသေးတဲ့ ဘဏ်တွေကိုပါ ဆက်လက်ဆွေးနွေးဖို့ စီစဉ်နေတာပါ။

ရွှေ့ပြောင်းလုပ်သားတွေအတွက် တရားဝင်ငွေလွှဲခွင့် ရရှိဖို့အတွက်ကတော့ ရေရှည်ဆောင်ရွက်ရမှာဖြစ်လို့ ပြည်တွင်းမှာရှိတဲ့ တခြားပုဂ္ဂလိကဘဏ်တွေလည်း ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်တယ်လို့ ကမ္ဘောဇဘဏ်က ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013