DVB Logo
Home
မြန်မာသတင်း
ဦးလေးဖြစ်သူအား ဆဲဆိုသူကို တူဖြစ်သူက ဓားဖြင့်ခုတ်သတ်
DVB
·
December 22, 2016
ဦးလေးဖြစ်သူအား ဆဲဆိုသူကို တူဖြစ်သူက ဓားဖြင့်ခုတ်သတ်
Donate to DVB

 

ကျောက်ဖြူမြို့နယ်မှာ ဦးလေးဖြစ်သူကို တရွာတည်းနေသူတဦးက ဆဲဆိုခဲ့တဲ့အတွက် တူဖြစ်သူက မကျေနပ်လို့ ဓားနဲ့ခုတ်သတ်မှု ဖြစ်ပွားခဲ့ပါတယ်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ဝပြေးကျေးရွာမှာသစ်ခုတ်ဖို့ သွားတဲ့လူ ၁ ဦးကို ဓားနဲ့ ခုတ်သတ်လို့ သွေးလွန်ပြီး လမ်းမှာသေဆုံးသွားတယ်လို့ ကျောက်ဖြူမြို့မရဲစခန်းက ရဲအုပ် ရဲထွန်းခိုင်က ဒီဗွီကို ပြောပါတယ်။

“အသတ်ခံရတဲ့သူက ရွာကနေ တောအုပ်ကို ၁၁ နာရီလောက်မှာ သစ်ခုတ်ဖို့ဆိုပြီး သွားတယ်။ အဲ့ဒါကို နောက်က လိုက်ပြီးတော့ တောထဲမှာ ခုတ်သတ်လိုက်တာ၊ ဓားနဲ့ခုတ်ပြီးတော့ တောထဲမှာ ပစ်ထားခဲ့တယ်။ ညာဖက်ခြေထောက်ကို အခုတ်ခံရတယ်။ အခုတ်ခံရလို့ လမ်းမလျှောက်နိုင်တော့ဘူး။ ကျေးရွာကလူတွေသိတော့ ညနေ ၅ နာရီရှိနေပြီး၊ အခုတ်ခံရတဲ့သူကို သယ်လာတဲ့အချိန် ရွာကို မရောက်ခင် လမ်းမှာ သွေးထွက်လွန်ပြီး ဆုံးသွားပါတယ်။”

ဦးလေးဖြစ်သူကို ဆဲဆိုတာမခံမရပ်ဖြစ်လို့ တူဖြစ်သူက တောထဲသွားပြီး ဓားနဲ့ ခုတ်သတ်လိုက်တာလို့ ရဲအုပ်က ဆက်ပြောပါတယ်။

“ဓားခုတ်ခံရလို့ သေဆုံးသွားတဲ့သူနဲ့ အခုဖမ်းဆီးထားတဲ့တရားခံရဲ့ ဦးလေးနဲ့ ၂၀ ရက်နေ့က အချင်းချင်းစကား များကြတယ်လို့ ပြောတယ်။ အဲ့ဒါကို တရားခံကမကျေနပ်ဘူး။ ဦးလေးဖြစ်သူ အဆဲခံရတာကို မကျေနပ်ကို တူဖြစ်တဲ့သူက ဓားနဲ့ခုတ်လိုက်တာပါ။ တရားခံကို အဲ့ဒီတောအုပ်မှာပဲ မနေ့ညနေပိုင်းက ကျနော်တို့ ရဲတပ်ဖွဲ့ဝင်တွေဝိုင်းဝန်းပြီး ဖမ်းဆီလိုက်တယ်။ ကျနော်တို့ ကျောက်ဖြူရဲစခန်းက ဖမ်းဆီအရေးထားပါပြီ။”

အသတ်ခံရသူကဟာ ဦမောင်သိန်းရွှေ အသက် ၄၉ နှစ် ၀ပြေးကျေးရွာ၊ ကျောက်ဖြူမြို့ဖြစ်ပြီး၊ ဓားနဲ့ခုတ်သူကတော့ ဦးကျော်ခင်အသက် ၃၅ နှစ် ဝပြေးကျေးရွာ၊ ကျောက်ဖြူမြို့နယ်ဖြစ်တယ်လို့ သိရပါတယ်။

ဦးကျော်ခင် အသက် ၃၅ နှစ်ကို ကျောက်ဖြူရဲစခန်းက (ပ)၇၈၂/၂၀၁၆ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့် အရေးထားတယ်လို့ ရဲအုပ်က ပြောပါတယ်။

သတင်း - ဝဏ္ဏခွာညို၊ ဓာတ်ပုံ စိုးမိုးကျော်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013