DVB Logo
Home
မြန်မာသတင်း
ဘန်ကောက်တွင် ၆ ဘီးကားက ဆိုင်ကယ်နှင့် ကားအစီး ၃၀ ကျော်ကို ဝင်တိုက် (ရုပ်သံ)
DVB
·
December 22, 2016
ဘန်ကောက်တွင် ၆ ဘီးကားက ဆိုင်ကယ်နှင့် ကားအစီး ၃၀ ကျော်ကို ဝင်တိုက် (ရုပ်သံ)
Donate to DVB

ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်ခေါင်မှာ ဒီဇင်ဘာလ ၂၁ ရက် နေ့ခင်းပိုင်းက ၆ ဘီးကား တစီးကနေပြီး လမ်းပေါ်မှာရှိတဲ့ ယာဉ်ကြီး၊ ယာဉ်ငယ် အစီးပေါင်း ၃၀ ကျော်ကို ၀င်တိုက်ခဲ့ပါတယ်။

အဖြူရောင် ၆ ဘီးတပ် ကုန်တင်ကားကြီးဟာ နေ့ခင်း ၁၂ နာရီကျော်က ဖစ်ခ်ျပူရီလမ်းပေါ်မောင်း နှင်နေရာက ဖယားထိုင်းနယ်မြေရဲစခန်းရှိ ဆိုင်ကယ် ၄ စီး ၀င်တိုက်ခဲ့ကြောင်း၊ အဲဒီနောက် ရဲတပ်ဖွဲ့ စစ်ဆေးရေးဂိတ်ကို ဖြတ်မောင်းကာ လမ်းမှာ ကား ၆ စီးကို ထပ်မံဝင်တိုက်ခဲ့တယ်လို့ ထောင်းလော်ရဲစခန်း စခန်းမှူး  ဆာနစ်တယ မဟာထာဝွန်းက သတင်းထောက်တွေကို ပြောပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေက သူ့ကို ပိတ်ဆို့တားဆီးပေမယ့် ရပ်မပေးဘဲ လမ်းမှာတွေ့တဲ့ယာဉ်တွေကို နောက်ထပ်ဆက်ပြီးတိုက်သွားကြောင်း၊  ဧကမိုင်းနယ်မြေ ဘိတ်စီးကုန်တိုက်နားရောက်မှ သူ့ကားဆီ ကုန်သွားတဲ့ အတွက် ကားပေါ်ကနေဆင်းပြီး ထွက်ပြေးစဉ် ညနေ ၂ နာရီခွဲလောက်မှာ  ပြည်သူနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းဖမ်းမိခဲ့တယ်လို့ စခန်းမှူးက ဆက်ပြောပါတယ်။

စစ်ဆေးချက်အရ ကားမောင်းသူမှာ အသက် ၂၇ နှစ်ရွယ် နိုင်းဧကဖုတ် ယုဒ်ဆီရီဆိုသူဖြစ်ပြီး ကုန်ပစ္စည်းပို့ဆောင်ရေးအလုပ်ကို လုပ်ကိုင်ကြောင်း၊ သူဟာ လွန်ခဲ့တဲ့ ၃ ရက်က အိုက်စ်မူးယစ်ဆေး သုံးစွဲထားပြီး မိန်းမက နောက်ယောကျာ်းနဲ့ လိုက်သွားတဲ့အတွက် စိတ်အလွန်ညစ်နေကြောင်း၊ ဆဖန်းခွဲမှာ ကုန်ပစ္စည်းသွားပို့ပြီး အပြန်လမ်းမှာ ပုလိပ်နဲ့တွေ့တော့ ကားကိုနောက်ပြန်လှည့် မောင်းခဲ့ပြီး အဲဒီနောက် ဘာလုပ်လိုက်မိမှန်းမသိအောင် သတိလက်လွတ်ဖြစ်သွားတယ်လို့  ရဲတပ်ဖွဲ့ကို ၀န်ခံပြော ကြားသွားပါတယ်။

ရဲတွေက သူ့ကားကိုစစ်ဆေးရာမှာ အိုက်စ်မူးယစ်ဆေး ၂ ကီလိုနီးပါးတွေ့ရှိခဲ့ပြီး သူမောင်း နှင်ခဲ့တဲ့ ခရီးတာ  ၅ ကီလိုမီတာအကွာအဝေးမှာ မော်တော်ကား အစီး ၃၀ နဲ့ ဆိုင်ကယ် ၆ စီး စုစုပေါင်း ယာဉ် ၃၆ စီး အတိုက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

လောလောဆယ် ရဲစခန်းမှာ လာရောက်အမှုဖွင့်ထားသူ ၆ ဦးရှိကြောင်း၊ ယာဉ်တိုက်မှုမှာ ထိခိုက်ဒဏ်ရာ ရသူတွေလည်း ရှိခဲ့ပေမယ့် အရေအတွက်မသိရသေးဘူးလို့  ထောင်းလော်ရဲစလန်းက ပြောသွားပါတယ်။   

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013