DVB Logo
Home
မြန်မာသတင်း
မုဒိမ်းမှု ကျူးလွန်ရသည့်အကြောင်းရင်း လေ့လာဆန်းစစ်သင့်
DVB
·
December 22, 2016
မုဒိမ်းမှု ကျူးလွန်ရသည့်အကြောင်းရင်း လေ့လာဆန်းစစ်သင့်
Donate to DVB

မုဒိမ်းမှု ကျူးလွန်သူတွေ ဘာကြောင့်ကျူးလွန်တယ် ဆိုတာကိုလည်း သေချာလေ့လာ ဆန်းစစ်သင့်တယ်လို့ စိတ်ရောဂါကု ဆရာဝန်ကြီးတဦးက ပြောပါတယ်။

၃ နှစ်အတွင်း မုဒိမ်းမှုတွေ အဖြစ်များလာတာတွေအပြင် သက်ငယ်မုဒိမ်းမှုတွေပါ ကျူးလွန်တာတွေ များလာတာကြောင့် ဒီလို ပြစ်မှုကျူးလွန်သူတွေကို သေဒဏ်ပေးဖို့ လူအများက တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

ဒီလို ပြစ်မှုကျူးလွန်သူတွေကို သေဒဏ်ပေးဖို့ထက် သူတို့တွေ ဘာကြောင့် ဒီလိုပြစ်မှုတွေ ကျူးလွန်တယ် ဆိုတာကိုလည်း သေချာမေးမြန်း ဆန်းစစ်သင့်တယ်လို့ စိတ်ကျန်းမာရေးဆေးရုံ အထူးကုဆရာဝန်ကြီး ဒေါက်တာဆန်းလင်းက ဆိုပါတယ်။

“လူတိုင်း လူတိုင်း ကွန်းမန့်တွေပေးပြီးတော့ ဆုံးဖြတ်ချက်ချတာ မြင်တယ်။ ဒါပေမယ့် ထဲထဲဝင်ဝင် သူတို့တွေရဲ့ ကျူးလွန်သူတွေရဲ့ ဆိုက်ကိုလိုဂျီနဲ့ သူတို့ရဲ့အခြေအနေကို သုတေသနပြုပြီးတော့ သူတို့လို အခြေအနေမျိုးတွေ ဖြစ်လာရင် ဘယ်လိုမျိုး တားဆီးမလဲဆိုတာကို ကျနော်တို့ကလည်း စဉ်းစားသင့်ပါတယ်။ ကျူးလွန်သူတွေကို ဒီအခြေအနေမျိုး မရောက်အောင် ဘယ်လိုအဆင့်တွေမှာ ကာကွယ်နိုင်မလဲ၊ တားဆီးနိုင်မလဲ။ ဒီလို ကျူးလွန်သူတွေ မများပြားအောင် ကျနော်တို့ တားဆီးရမယ်။”

လက်ရှိဥပဒေမှာ  မုဒိမ်းမှုကျူးလွန်သူတွေကို ပုဒ်မ ၃၇၆ အရ ထောင်ဒဏ် အနှစ် ၂၀၊ တသက်တကျွန်းနဲ့ ငွေဒဏ်သတ်မှတ်ထားတာတွေ ရှိပေမယ့်လည်း ဒီလို ပြစ်ဒဏ် အပြစ်ပေးတဲ့အခါမှာ ထိထိရောက်ရောက် အရေးယူဆောင်ရွက်တာတွေ မရှိခဲ့တာကြောင့် ဒီလိုပြစ်မှုတွေ ကျူးလွန်တာ ဖြစ်တယ်လို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက သုံးသပ်ပြောဆိုပါတယ်။

“ဥပဒေဆိုတာက နဂိုကတည်းက ရှိထားတယ်။ ကျနော်တို့ ဖြတ်သန်းခဲ့သလောက် ကြည့်မယ်ဆိုရင် ယခင့်ယခင် လက်ထက်ကတည်းက ကျူးလွန်တဲ့သူတွေအနေနဲ့ မကျူးလွန်ရဲအောင် ထိရောက်တဲ့ အပြစ်ဒဏ်တွေကို ပွင့်လင်းမြင်သာစွာ ချမှတ်နိုင်ခဲ့ခြင်းမရှိလို့ ဒါတွေ ဆင့်ကဲဆင့်ကဲ ဖြစ်လာတယ်လို့ ကျနော့်အနေနဲ့ ပြောချင်ပါတယ်ဗျာ။”

မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်စာရင်းတွေအရ ၂၀၁၅ ခုနှစ် တနှစ်လုံးမှာ မုဒိမ်းမှုပေါင်း ၆၈၂ မှုရှိခဲ့ပြီး သက်ငယ်မုဒိမ်းမှုပေါင်း ၂၃၀ ကျော် ရှိနေပါတယ်။

၂၀၁၆ ခုနှစ် ၁၀ လအတွင်းမှာ မုဒိမ်းမှုပေါင်း ၇၆၁ မှုရှိခဲ့ပြီး သက်ငယ်မုဒိမ်းမှုပေါင်း ၃၈၀ ကျော် ရှိနေပါတယ်။

ရန်ကုန်တိုင်းမှာ ၁၀ လအတွင်း သက်ငယ်မုဒိမ်းမှုပေါင်း ၇၄ မှုရှိနေတယ်လို့ ဖော်ပြထားပါတယ်။

သူဇာလင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013