DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တိုင်းတွင် ဖြစ်ပွားသည့် အမှုကြီးများအနက် ထက်ဝက်ခန့်မှာ မုဒိမ်းမှုဖြစ်
DVB
·
December 22, 2016
ရန်ကုန်တိုင်းတွင် ဖြစ်ပွားသည့် အမှုကြီးများအနက် ထက်ဝက်ခန့်မှာ မုဒိမ်းမှုဖြစ်
Donate to DVB

ရန်ကုန်တိုင်းထဲမှာ ၂၀၁၆ ခုနှစ် ဇန်နဝါရီကနေ နိုဝင်ဘာလအထိ အမှုကြီးပေါင်း ၄၃၅ မှု ဖြစ်ပွားခဲ့တာမှာ မုဒိမ်းမှုက ၂၁၂ မှု ဖြစ်ပွားခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ အချက်အလက်တွေအရ ဇန်နဝါရီလမှာ မုဒိမ်းမှု ၁၃ မှုကနေ လစဉ်လိုလို တိုးပွားလာပြီး နိုဝင်ဘာလမှာတော့ ၃၃ မှုအထိ ရှိလာပါတယ်။

ဒုတိယအများဆုံးကတော့ လူသတ်မှုဖြစ်ပြီး နိုဝင်ဘာလအထိ ၁၆၈ မှု ရှိပါတယ်။ လူသတ်မှု အနည်းဆုံးလမှာ ၉ မှု ဖြစ်ပြီး အများဆုံးဖြစ်တဲ့ နိုဝင်ဘာလမှာတော့ ၂၅ မှု ရှိပါတယ်။

စာရင်းတွေအရ အခြားအမှုပေါင်း ၁၃၅၉၀ မှု ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ကြိုတင်ကာကွယ်အမှုပေါင်း ၃၈၆၃၁ မှုရှိပြီး ပြည့်တန်ဆာအမှုက ၇၁၈ မှု ပါဝင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013