DVB Logo
Home
မြန်မာသတင်း
မြန်မာအစိုးရကို ကမ္ဘာ့ဘဏ်က ဒေါ်လာသန်း ၁၀၀ ချေးငွေပေးအပ်မည်
DVB
·
December 21, 2016
မြန်မာအစိုးရကို ကမ္ဘာ့ဘဏ်က ဒေါ်လာသန်း ၁၀၀ ချေးငွေပေးအပ်မည်
Donate to DVB

ငွေကြေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကမ္ဘာ့ဘဏ်က မြန်မာအစိုးရကို ချေးငွေ ဒေါ်လာသန်း ၁၀၀ ပေးအပ်ဖို့ ကမ္ဘာ့ဘဏ်ရဲ့ဒါရိုက်တာဘုတ်အဖွဲ့က ဒီဇင်ဘာ ၂၁ ရက်နေ့မှာ အတည်ပြုလိုက်ပါတယ်။
ဒါဟာ မြန်မာနိုင်ငံအတွက် ဖွံ့ဖြိုးရေးချေးငွေဖြစ်ပြီးတော့ အတိုးမဲ့အဖြစ် သက်တမ်းကာလ ၃၈ နှစ်ဖြစ်ပါတယ်။ ဒါအပြင် ပြန်ဆပ်ရမယ့်ကာလကိုလည်း ဆိုင်းငံကာလ ၆ နှစ်အထိပေးအပ်ထားတာပါ။

မြန်မာနိုင်ငံဟာ ပုဂ္ဂလိကဘဏ်လုပ်ငန်းတွေ အလျှင်အမြန်ဖွံ့ဖြိုးတိုးတက်နေတာကြောင့် အစိုးရပိုင်းက စီမံခန့်ခွဲဖို့ နည်းပညာနဲ့ အခြေခံအဆောက်အအုံတွေ လိုအပ်နေတာပါ။

မြန်မာပြည်တွင်မှာ Dabit ကတ်သုံးစွဲမှုဟာ ၁ သန်းခွဲလောက်အထိ တိုးတက်လာတဲ့အပြင် ခရက်ဒစ်ကတ်တွေလည်း ထုတ်ဝေနေပါတယ်။

ကျေးလက်နေပြည်သူတွေ အများအပြားအတွက်ငွေကြေးနဲ့ ဘဏ်ဝန်ဆောင်မှုတွေ မရရှိသေးတာ ကြောင့် အခုလို ချေးငွေတွေနဲ့ထောက်ပံ့တာဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်က ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013