DVB Logo
Home
မြန်မာသတင်း
ကားနှင့်ဆိုင်ကယ် မျက်နှာချင်းဆိုင် တိုက်၊ မိသားစု ၃ ဦးသေဆုံး
DVB
·
December 21, 2016
ကားနှင့်ဆိုင်ကယ် မျက်နှာချင်းဆိုင် တိုက်၊ မိသားစု ၃ ဦးသေဆုံး
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ စကားကုန်းအုပ်စု၊ ယင်းခဲကျေးရွာဘေး ရွှေကူ ကသာ ကားလမ်းမပေါ်မှာ ဒီဇင်ဘာလ ၂၀ ရက်နေ့ည ၁၀ နာရီလောက်က ကားနဲ့ ဆိုင်ကယ်မျက်နှာချင်းဆိုင် တိုက်မိလို့ မိသားစုဝင် ၃ ဦး အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပါတယ်။

ယာဉ်မောင်းချစ်မင်းထွန်း မောင်းနှင်ပြီး ရန်မျိုးနိုင် လိုက်ပါလာတဲ့ ၈ (ဈ) / ၉၄၆၁ ဆန်နီအမျိုးအစား ၁၀ ဘီးကားနဲ့ ဆိုင်ကယ် မျက်နှာချင်းဆိုင် တိုက်မိခဲ့တာပါ။

ဆိုင်ကယ်စီးနင်းလာသူ ရွှေကူမြို့နယ် ရွှေညောင်ပင်ကျေးရွာက ကိုအောင်ကို ၃၇ နှစ် ဇနီးဖြစ်သူ မတင်ဌေး ၃၅ နှစ်နဲ့ သားဖြစ်သူ မောင်ပေါက်စ ၄ နှစ်တို့ မိသားစု ၃ ဦးဟာ ဦးခေါင်းပိုင်း ထိခိုက်ဒဏ်ရာတွေ ရရှိပြီး သေဆုံးခဲ့ကြပါတယ်။

ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်နှစ်ဦးလည်း ကားရှေ့ပိုင်း ပိန်ရှုံ့ပြီး ညှပ်မိနေတာကြောင့် ဘက်ဟိုးကားနဲ့ ဆွဲလှန်ပြီး ကယ်ထုတ်ခဲ့ရာမှာ မစိုးရိမ်ရ ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

ယာဉ်မောင်း ချစ်မင်းထွန်း မြောင်းတော်လှကျေးရွာ ဝမ်းတွင်းမြို့နယ် နေသူကို ကသာမြို့မ ရဲစခန်းက အမှုဖွင့် အရေးယူထားပါတယ်။

သီဟဆွေ (ကသာ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013