DVB Logo
Home
မြန်မာသတင်း
တရုတ်ပိုက်လိုင်းကြောင့် ပျက်စီးလယ်မြေများ ပြန်ပြင်ပေးရန်တောင်သူများဆန္ဒပြ
DVB
·
December 21, 2016
တရုတ်ပိုက်လိုင်းကြောင့် ပျက်စီးလယ်မြေများ ပြန်ပြင်ပေးရန်တောင်သူများဆန္ဒပြ
1 / 8
Donate to DVB

ရွှေဂတ်စ် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကြောင့် ပျက်စီးသွားတဲ့ လယ်ယာမြေတွေကို ပြန်ပြင်ပေးဖို့ ကျောက်ဖြူမြို့နယ် ဒေသခံ တောင်သူ ၁၅၀ ခန့်က  CNPC တရုတ်ကုမ္ပဏီ ရုံးရှေ့မှာ မနေ့က ဆန္ဒပြခဲ့ကြပါတယ်။

လယ်သမားအရေး အစိုးရက ချက်ချင်းဖြေရှင်းပေး၊ ဒေသခံ လယ်ပိုင်ရှင်တွေရဲ့ အခွင့်အရေးကိုလေးစားပါစတဲ့ လက်ကိုင်ပိုစတာတွေ ကိုင်ဆောင်ပြီး၊ ကြွေးကြော်သံတွေနဲ့ CNPC ရုံးရှေ့မှာ ညနေ(၅)နာရီထိ ဆန္ဒဖော် ထုတ်ဖော်ခဲ့ကြတာပါ။

ဆန္ဒပြရတဲ့ အကြောင်းရင်းနဲ့ပတ်သက်ပြီး တောင်သူလယ်သမားအရေးကို ဆောင်ရွက်နေသူ ဒေါ်ကြည်ကြည်နှင်းက“ပိုက်လိုင်းကြောင့် ပျက်စီးလယ်ယာမြေတွေအတွက် ဒီတခါဆိုရင် ကျမတို့ ဆန္ဒပြတာ သုံးကြိမ်ရှိပြီ။ ဘာမှထူးခြားမလာဘူး။ ပိုက်လိုင်းဖြတ်သွားတဲ့နေရာတလျှောက် ကုမ္ပဏီအဆောက်အဦ ဆောက်တဲ့အခါမှာရော တောင်တွေကို ဖြိုလိုက်လို့ ရွှံနွံ့တွေက လယ်ယာမြေတွေကို အကုန်ရွှံ့တွေ ဖုံးလွှမ်းသွားတယ်။ လယ်ယာမြေတွေ လုပ်စားလို့ လုံးဝမရတော့ဘူး။ အဲဒီလယ်ယာမြေတွေကို ပြန်လည်လုပ်ပေးဖို့ တောင်းဆိုတာပါ။”လို့ပြောပါတယ်။

ရွှေဂတ်စ်ပိုက်လိုင်းကြောင့် ပျက်စီးလယ်ယာမြေတွေ ပြန်လုပ်ပေးဖို့ CNPC ရုံးက တာဝန်ရှိသူတွေကအကြိမ်ကြိမ်ကတိပြုခဲ့ပေမယ့် အခုအချိန်ထိ လုပ်မပေးသေးဘူးလို့ ဒေါ်ကြည်ကြည်နှင်းက ပြောပါတယ်။

“သူတို့ဘက်ကတော့ လုပ်မယ်ဆိုပြီး အကြိမ်ကြိမ်ကတိပေးတယ်။ ဒါပေမယ့် အခုအချိန်ထိ ဘာမှထူးခြားမှုမရှိဘူး။ တရုတ်သံအမတ်ကိုယ်တိုင် ၆ လပိုင်း ၅ ရက်နေ့က ရောက်လာတယ်။ လုပ်ပေးမယ်လို့ ပြောခဲ့တယ်။ ၁၁ လပိုင်း ၁၆ ရက်နေ့ကလည်း MOGE (မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း)  က တာဝန်ရှိသူတွေနဲ့ ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှာ ကျမတို့နဲ့ တွေ့ဆုံတဲ့ အခါမှာ ဆုံးရှုံးလယ်မြေတွေကို လုပ်ပေးမယ်လို့ ကတိပေးခဲ့ပါတယ်။ ၁၂လ ၁၂ ရက်နေ့မှာ တစုံတရာ အကြောင်ပြန်ပေးမယ်လို့ သူတို့ ကတိပြုခဲ့တယ်။ ဒီနေ့အချိန် ဘာမှထူးခြားတစ်စုံ တရာမရှိဘူး။ ကျမတို့ ဆက်လုပ်သွားမယ်။”

ရွှေဂတ်စ်ပိုက်လိုင်းကြောင့် ပျက်စီးလယ်ယာမြေတွေပြန်လုပ်ပေးဖို့ တောင်သူ ၂၁ ဦးတို့ အတွက် ဆုံးရှုံးလယ်မြေဧက ၁၈ ဧကပြန်လုပ်ပေးကျန်နေတယ်လို့ သိရပါတယ်။

CNPC ကုမ္ပဏီဘက်က သြဂုတ်လအတွင်းမှာ လယ်မြေတွေဆုံးရှုံးမှုအတွက် သိန်း ၃၀၀ ကျော် လျော်ကြေး ပေးအပ်ခဲ့ပေမယ့် “တောင်သူများသို့ အပြီးသတ်ပေးချေခြင်း”ဆိုတဲ့ စာသားကို မကျေနပ်လို့ တောင်သူတွေက နစ်နာကြေးကို လက်ခံခဲ့ခြင်းမရှိပါဘူး။

CNPC ကုမ္ပဏီရန်ကုန်ရုံးခွဲက အရာရှိ ရှောင်ယွန်ဟောင်ကတော့ တောင်သူ (၂၁) ဦးတို့ အတွက်ဆုံးရှုံး လယ်မြေဧက၁၈ဧကပြန်လုပ်ပေးဖို့ အထက်ကိုတင်ပြထားတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။
သတင်း - ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013