Homeမြန်မာသတင်း
ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ အားနည်းချက်ရှိဟု ဝန်ခံ
ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ အားနည်းချက်ရှိဟု ဝန်ခံ
ဇေယျာချမ်းအေး
·
December 21, 2016
ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေမှာ အားနည်းချက်ရှိနေတယ်လို့ ကော်မတီဥက္ကဋ္ဌက ဒီနေ့ ဝန်ခံပြောဆိုလိုက်ပါတယ်။
ဒီဇင်ဘာလ ၂၁ ရက်နေ့က ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီတွေ ပါဝင်တဲ့ JMC ပထမအကြိမ် မျက်နှာစုံညီအစည်းအဝေးမှာ ကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးရာပြည့်က အခုလို ပြောဆိုလိုက်တာပါ။
အခုလိုပြောဆိုရတာဟာ ရှမ်းပြည်တောင်ပိုင်းမှာဖြစ်နေတဲ့ တပ်မတော်နဲ့ RCSS တို့ရဲ့ တိုက်ပွဲတွေ အဆုံးမသတ်နိုင်သေးတာကြောင့်လည်း ဖြစ်တယ်လို့ သူက ရှင်းလင်းပါတယ်။
အဲဒါတွေအပြင် JMC ဟာ ငွေကြေးနဲ့ အရပ်သားဝန်ထမ်း လိုအပ်ချက်တွေ ရှိနေတာလည်း ဖြစ်ပါတယ်။
အဲဒါတွေကို ဖြေရှင်းနိုင်ဖို့ ဒီနေ့ အစည်းအဝေးမှာ တိုင်းနဲ့ပြည်နယ် အသီးသီးက ကိုယ်စားလှယ်တွေဟာ အကျေအလည် ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။