DVB Logo
Home
မြန်မာသတင်း
၃၅ ကြိမ်မြောက် ပြည်တွင်း ပုလဲရောင်းချပွဲ ကျင်းပပြုလုပ်
DVB
·
December 21, 2016
Donate to DVB

၃၅ ကြိမ်မြောက် ပြည်တွင်း ပုလဲရောင်းချပွဲကို နေပြည်တော် မြန်မာ့ကျောက်မျက်ရတနာ ပြတိုက်မှာ ဒီဇင်ဘာ ၂၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။

“ရောင်းချတာကတော့ တင်ဒါစနစ်နဲ့ ရောင်းချမှာဖြစ်ပါတယ်။ တင်ဒါ ၃ ခု ခွဲခြားထားတယ်။ တင်ဒါ ၁ နဲ့ ၂ နဲ့ကို ၂၂ ရက်နေ့မှာ စတင်ဖောက်မှာဖြစ်ပြီးတော့ တင်ဒါအမှတ် ၃ ကတော့ ၂၃ ရက်နေ့မှာ ဖောက်မှာပါ” လို့ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်း လက်ထောက် အထွေထွေမန်နေဂျာ ဒေါ်မြမြဝင်းက ပြောပါတယ်။

ပုလဲဈေးကွက်ကို ပြည်တွင်းကုန်သည်တွေအနေနဲ့ အလွယ်တကူ ရောင်းချနိုင်အောင်နဲ့ ပြည်တွင်းမှာလည်း ပုလဲကို လွယ်ကူစွာ သုံးစွဲနိုင်ဖို့အတွက် ပြည်တွင်းကုန်သည်တွေကိုသာ သီးသန့်ရောင်းချတာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီရောင်းချပွဲကို ၃ ရက်ကြာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ပုလဲအတွဲပေါင်း ၄၀၆ တွဲ (ပုလဲအလုံးရေ ၁၂၇၄၀၇) ကို ပြသရောင်းချသွားမှာပါ။

ပုလဲအတွဲပေါင်း ၄၀၆ တွဲရဲ့ အခြေခံတန်ဖိုးငွေဟာဆိုရင် ကျပ် ၄,၂၃၇,၆၁၄,၉၀၈ ရှိကြောင်း သိရှိရပါတယ်။

ပုလဲအတွဲတွေကို မြန်မာ့ပုလဲထုတ်လုပ်ရေးနဲ့ ရောင်းဝယ်ရေးလုပ်ငန်းတွေက ပုလဲအတွဲပေါင်း ၂၇၆ တွဲ (ပုလဲအလုံးရေ ၈၄၈၅၁ လုံး) နဲ့ ကုမ္ပဏီတွေက ပုလဲအတွဲပေါင်း ၁၃၀ တွဲ (ပုလဲအလုံးရေ ၄၂၅၅၆ လုံး) ကို ပြသ ရောင်းချမှာပါ။

ပုလဲအတွဲတွေထဲမှာ အမြင့်ဆုံး ကြမ်းခင်းဈေး ကျပ်ငွေ ၃၃၂ သိန်းနဲ့ အနည်းဆုံးကြမ်းခင်းဈေး ၃သိန်း ၆ သောင်းတန်တွေကို ခင်းကျင်းရောင်းချခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013