DVB Logo
Home
မြန်မာသတင်း
ကြားဖြတ်ရွေးကောက်ပွဲ မဲဆန္ဒရှင်စာရင်း ဖေဖော်ဝါရီဆန်း ထုတ်ပြန်မည်
DVB
·
December 21, 2016
ကြားဖြတ်ရွေးကောက်ပွဲ မဲဆန္ဒရှင်စာရင်း ဖေဖော်ဝါရီဆန်း ထုတ်ပြန်မည်
Donate to DVB

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းကို ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ထုတ်ပြန်ပေးသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။

၂၀၁၇ ခုနှစ် ဧပြီလမှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မြန်မာတနိုင်ငံလုံးမှာ မဲဆန္ဒနယ် ၁၉ နေရာအတွက် မြို့နယ်ပေါင်း ၂၂ ခုက ပြည်သူတွေက မဲပေးကြရမှာပါ။

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာတော့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၅ နေရာစာအတွက် မြို့နယ်ပေါင်း ၁၁ ခုမှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပသွားဖို့ ရှိနေပါတယ်။

အဲဒီကြားဖြတ်ရွေးကောက်ပွဲအတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး မဲဆန္ဒရှင်စာရင်းတွေကို နှစ်ပတ်ကြာ ထုတ်ပြန်ကြေညာပေးမယ်လို့  ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးရဲမြင့်က ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စာရင်းကြေညာပြီး ကပ်မယ်။ အဲဒီတော့ မပါတဲ့ မဲဆန္ဒရှင်တွေက မပါတဲ့လူတွေ၊ ကျန်တဲ့လူတွေကလည်း ပြန်တောင်းဆိုနိုင်တယ်။ မဲစာရင်းမှာပါတဲ့ ပုဂ္ဂိုလ်တွေကို ကန့်ကွက်မယ်ဆိုရင်လည်း ကန့်ကွက်နိုင်တယ်။ ဒီအခွင့်အရေး ပြန်ရမယ်။ အားလုံး ပါဝင်ဆောင်ရွက်မယ့် ရွေးကောက်ပွဲရှိမှသာ မဲပေးခွင့်ရှိတာကိုး။ ဒီဟာသည် လွတ်သွားတဲ့ ကိုယ်စားလှယ်များရဲ့နေရာမှာ အစားထိုးပြီးတော့ လွတ်တဲ့နေရာမှာ ထပ်ပြီးတာဝန်ပေးတဲ့အတွက် သူတို့ ၆၂ ခု ထပ်ရတာပေါ့။”

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်မယ့် မဲဆန္ဒရှင်စာရင်းကို တအိမ်တက် တအိမ်ဆင်း Door to Door စနစ်နဲ့ နိုဝင်ဘာလဆန်းပိုင်းက စတင်ကောက်ယူခဲ့တာ ဖြစ်ပါတယ်။

အဲဒီလိုကောက်ယူတဲ့စနစ်ကြောင့် အရင်ကျင်းပခဲ့တဲ့ ၂၀၁၀၊ ၂၀၁၂၊ ၂၀၁၅ ရွေးကောက်ပွဲတွေထက် ပိုတိကျတဲ့ မဲဆန္ဒရှင်စာရင်းကို ရရှိထားတယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးရဲမြင့်က “ဒီ Door to Door စနစ်ကို ကောက်တယ်ဆိုတာတော့ အိမ်တိုင်ရာရောက် အဖွဲ့တွေဖွဲ့ပြီးတော့ တအိမ်တက်ဆင်း စိစစ်ပြီးကောက်ခံတဲ့ လုပ်ငန်းပေါ့။ ဒါကတော့ ပိုပြီးအကျိုးထူးတာပေါ့။ ဘာလို့လဲဆိုတော့ အိမ်တွေကို Door to Door ဝင်တယ်။ အိမ်တွေမှာရှိတဲ့ မူလအိမ်ထောင်စုစာရင်းနဲ့ မူလမဲစာရင်းနဲ့ အဘတို့ တိုက်ဆိုင်ကြည့်တယ်။ ကြည့်တဲ့အခါမှာ အရင်တုန်းကဖြစ်ခဲ့တဲ့ သေတဲ့သူတွေပါတယ် ဆိုတာတွေ ဖော်ပြခဲ့တယ်။ အဲဒီတော့ ဒါတွေက ဖျက်လို့ရတယ်။ အဲဒီအိမ်မှာပဲ အခု ဧပြီလ ၁ ရက်မှာ အသက် ၁၈ နှစ်ပြည့်တဲ့လူတွေ မဲပေးခွင့်ရှိတယ်။ အဲဒီလူတွေ ထပ်ဖြည့်တယ်။ သေပြီးတဲ့လူတွေ နုတ်တယ်။ တခြားပြောင်းသွားတဲ့လူတွေ ရှိတယ်။ ဒီမှာ လုံးဝမနေတော့ဘူး။ ဒီလိုဟာမျိုးတွေကိုလည်း အဘတို့ တွေ့ရှိရတာတွေ ရှိတယ်” လို့ ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကြားဖြတ်ရွေးကောက်ပွဲကျင်းပမယ့် မြို့နယ် ၁၁ ခုကတော့ ကမာရွတ်၊ ကြည့်မြင်တိုင်၊ ဆိပ်ကမ်း၊ လသာ၊ လှိုင်၊ လမ်းမတော်၊ အလုံ၊ ဒဂုံဆိပ်ကမ်း၊ ဒဂုံအရှေ့၊ ကော့မှူး၊ လှိုင်သာယာမြို့နယ်တွေဖြစ်ပြီး မဲဆန္ဒရှင် စုစုပေါင်း ၁၀ သိန်းနဲ့ ၅ သောင်းကျော် ရှိနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013