DVB Logo
Home
မြန်မာသတင်း
လင်မယားချင်း စကားများရာမှ ခင်ပွန်းဖြစ်သူကို ကတ်ကြေးဖြင့် ထိုးသတ်
DVB
·
December 21, 2016
လင်မယားချင်း စကားများရာမှ ခင်ပွန်းဖြစ်သူကို ကတ်ကြေးဖြင့် ထိုးသတ်
Donate to DVB

 

တနင်္သာရီတိုင်း ကျွန်းစုမြို့နယ် စစ်ဘုကျေးရွာနေ ရဲဝင်းနဲ့ ဇနီး ဖြစ်သူ မဝေဝေမြင့်တို့ ဒီဇင်ဘာလ ၁၉ ရက်နေ့ ညပိုင်းက လင်မယားချင်း စကားများရာမှ ခိုက်ရန်ဖြစ်ပွားပြီး ခင်ပွန်းဖြစ်သူကို ကတ်ကြေးနဲ့ ထိုးတဲ့အတွက် ခင်ပွန်းဖြစ်သူ  သေဆုံးခဲ့ပါတယ်။

ခရုဝယ်ဖို့ စရံငွေ ၄၀၀၀၀ိ ကျပ် ပေးထားတဲ့ကိစ္စနဲ့ပတ်သက်ပြီး တဦးနဲ့ တဦး ခိုက်ရန်ဖြစ်ပွား စကားများခဲ့ကြတာဖြစ်ပြီး ဇနီးဖြစ်သူ မဝေဝေမြင့်မှ ခင်ပွန်းကို ကတ်ကြေးနဲ့ ထိုးခဲ့တဲ့အတွက် ယာဘက်ရင်အုံအောက်မှာ ထိုးသွင်းဒဏ်ရာနဲ့ သေဆုံးခဲ့တာလို့ ကံမော်ရဲစခန်းမှ သိရပါတယ်။

ကတ်ကြေးဖြင့်ထိုးခဲ့သူ မဝေဝေမြင့်ကို ဥပဒေအရ အရေးယူပေးနိုင်ပါဖို့ ကျေးရွာရာအိမ်မှူးက တရားလိုပြုလုပ်တိုင်တန်းတဲ့အတွက် ကံမော်ရဲစခန်း (ပ)၅၃/၂၀၁၆ ပုဒ်မ ၃၂၆ နဲ့ အမှုဖွင့်လှစ်ခဲ့ပြီး ဒဏ်ရာရရှိသူ ရဲဝင်းကို စခန်းသစ်ဆေးရုံသို့ တင်ပို့ကုသခဲ့စဉ် ရရှိတဲ့ဒဏ်ရာနဲ့ပင် သေဆုံး သွားခဲ့တဲ့အတွက် ပုဒ်မ ၃၂၆ မှ ၃၀၂ သို့ ပြောင်းလဲစစ်ဆေးနေတယ်လို့ သိရပါတယ်။

ပြစ်မှုကျူးလွန်သူ မဝေဝေမြင့်ကို ချက်ချင်းဖမ်းဆီးရမိခဲ့ပြီး အခင်းဖြစ်နေရာကို စစ်ဆေးခဲ့ရာ နေအိမ်အတွင်း ရုန်းရင်းဆန်ခတ် ဖြစ်ပွားထားတဲ့ အနေအထားတွေနဲ့ အခင်းဖြစ်စဉ်က အသုံးပြုခဲ့တဲ့ သွေးစွန်းပေကတ်ကြေးတလက်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ကံမော်ရဲစခန်းမှ သိရပါတယ်။

သေဆုံးသူ ရဲဝင်းဟာ အရက်သေစာ သောက်စားပြီး ရမ်းကားတတ်သူတဦး ဖြစ်ပြီး  လင်မယားချင်း မကြာခဏ စကားများခိုက်ရန်ဖြစ်ပွားလေ့ရှိပြီး မဝေဝေမြင့်မှာ ၁ နှစ်ကျော်အရွယ် သားယောက်ကျားလေးတယောက်နဲ့ ကိုယ်ဝန် ၂ လခန့်ရှိနေတယ်လို့ သိရပါတယ်။

သတင်းပေးပို့ - လတ်ကိုကိုဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013