DVB Logo
Home
မြန်မာသတင်း
မုံရွာသတင်းထောက် အသတ်ခံရမှု မသင်္ကာသူများကို စစ်ဆေးနေ
DVB
·
December 20, 2016
မုံရွာသတင်းထောက် အသတ်ခံရမှု မသင်္ကာသူများကို စစ်ဆေးနေ
Donate to DVB

 

မုံရွာ အခြေစိုက် အလဲဗင်း သတင်းထောက် ကိုစိုးမိုးထွန်းအသတ်ခံရမှုနဲ့ပတ်သက်ပြီး blue sky ktv မှ မန်နေဂျာ ၂ဦးကို မသင်္ကာလို့ ရမန်ယူပြီး စစ်ဆေးနေပြီဖြစ်ကြောင်း မုံရွာမြို့နယ် ရဲစခန်းမှူးက ပြောပါတယ်။  

ဒီဇင်ဘာ ၁၉ ရက်ကနေ  ဇန်နဝါရီ ၁ ရက်နေ့ထိ ရမန်ရယူပြီး ဖမ်းဆီးစစ်ဆေးသွားမှာပြီး ပြစ်မှုမှာ ပါဝင်ပတ်သက်သူတွေမှန်သမျှကိုလည်း ဖမ်းဆီးစစ်ဆေးလို့ရအောင် ဆောင်ရွက် သွားမယ်လို့ မုံရွာ အခြေစိုက်သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ စခန်းမှူး ဦးသိန်းဆွေမြင့်က ပြောပါတယ်။  ဒီအမှုနဲ့ပတ်သက်ပြီး အမှုမှန်ပေါ်ဖို့ နီးစပ်နေပြီလို့လည်း ဆိုပါတယ်။

လတ်တလောမှာ နောက်ကွယ်ကကြိုးကိုင်သူတွေကို အဓိကဖော်ထုတ်ပေးဖို့ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်က ရဲဌာနကို အကူအညီတောင်းထားတဲ့အပေါ် သတ်တဲ့သူရဲ့ နောက်ကွယ်မှာ ကြိုးကိုင်သူရှိမယ်လို့ ယူဆထားတာကြောင့် ရဲဌာနဘက်က အဖွဲ့စုံနဲ့ လက်ရှိစစ်ဆေးနေတယ်လို့လည်း မုံရွာမြို့နယ် ရဲစခန်းမှူးဦးသိန်းဆွေမြင့်ကပြောပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013