DVB Logo
Home
မြန်မာသတင်း
ဘတ် ၇ သန်းတန် လက်ဝတ်တန်ဆာပျောက်ဆုံးမှု၊ အိမ်အကူကို မြန်မာပြည်တွင်းထိ လိုက်လံရှာဖွေ
DVB
·
December 20, 2016
ဘတ် ၇ သန်းတန် လက်ဝတ်တန်ဆာပျောက်ဆုံးမှု၊  အိမ်အကူကို မြန်မာပြည်တွင်းထိ လိုက်လံရှာဖွေ
Donate to DVB

 

ထိုင်းနိုင်ငံ ဘန်ကောက်အနီး ထွန်းပူးရီးခရိုင် ဘွတ်ခလိုမြို့နယ်ရှိ အိမ်တအိမ်မှာ ပြီးခဲ့တဲ့ အပတ်က ဘတ် ၇ သန်းတန် ရွှေငွေလက်ဝတ်လက်စားတွေ ပျောက်ဆုံးသွားတာနဲ့ ပတ်သက်ပြီး အဲဒီအိမ်မှာ အလုပ်လုပ်သွားတဲ့ မြန်မာအိမ်ဖော်အမျိုးသမီးကို ထိုင်းရဲတွေက အပူတပြင်းလိုက်လံရှာဖွေနေရာမှာ ခု တပတ်မှာတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ပါ ပူးပေါင်းပြီး  မြန်မာပြည်တွင်းထိ ၀င်ရောက်ရှာဖွေနေ ပါတယ်။

အိမ်ဖော်အမျိုးသမီး မခင်မြင့်ဦး (၃၀ နှစ်) ရဲ့ ဖုန်းလိုင်းကို ပြီးခဲ့တဲ့  ဒီဇင်ဘာလ ၁၅ ရက်နေ့က မြ၀တီ ဘက်မှာ ဖမ်းမိခဲ့ပြီးတဲ့နောက် တာဝန်ရှိသူတွေက သူမဟာ မြန်မာဘက်ခြမ်းကို ထွက်ပြေး သွားပြီလို့ ပြောဆိုပြီး ဒီဇင်ဘာ ၁၈ ရက်နေ့မှာတော့ ကရင်ပြည်နယ် ဖားအံမြို့နယ်ရှိ သူမနေအိမ်ကို သွားရောက် ရှာဖွေ ခဲ့ပါတယ်။

ဒါပေမယ့် သူ့ဆွေမျိုးတွေကတော့ မခင်မြဦးဟာ အိမ်ကိုခနဘဲပြန်လာပြီး အလောတကြီးပြန်ထွက်သွားကြောင်း၊ ဘယ်ကိုသွားမလဲဆိုတာတော့ ပြောမသွားဘူးလို့ တာဝန်ရှိသူတွေကို ပြောပါတယ်။

မြန်မာရဲတပ်ဖွဲ့ဝင်တွေဟာ ဖားအံ၊ ရန်ကုန်နဲ့ မော်လမြိုင်ရှိ ရွှေဆိုင်တွေကို သွားရောက်ပြီး ပျောက်ဆုံးနေတဲ့ လက်ဝတ်လက်စားနဲ့ သဏ္ဍာန်တူပစ္စည်းတွေ လာရောက်ရောင်းချသူ ရှိမရှိကို လည်း စစ်ဆေးနေတယ်လို့  မြ၀တီရဲတပ်ဖွဲ့ဝင်တဦးရဲ့ အပြောကို ကိုးကားပြီး ထိုင်းရတ်သတင်းမှာ ဖော်ပြပါ တယ်။

သူမဟာ မြန်မာပြည်အတွင်းပိုင်းကို ၀င်သွားပြီလို့ ရဲတပ်ဖွဲ့က ယုံကြည်နေပေမယ့်လည်း မြ၀တီ ချစ်ကြည်ရေးတံတားအပါအ၀င်  ထိုင်းမြန်မာနယ်စပ်ဂိတ်တွေမှာ ရှာဖွေစစ်ဆေးရေး လုပ်ဆောင်ဆဲ ရှိပြီး တံတားအောက်က ရွှေဆိုင်တွေကိုလည်း စစ်ဆေးမေးမြန်းနေတယ်လို့ သတင်းမှာဖော်ပြပါ တယ်။

နယ်စပ်ဈေးထဲမှာလည်း မခင်မြဦးကို ဖမ်းမိရင် ဆုငွေ ဘတ်တစ်သိန်းပေးမယ့်အကြောင်း ကြော်ငြာ စာတွေ ဖြန့်ဝေထားတယ်လို့ ဆိုပါတယ်။

သူမဟာ အဆိုပါထိုင်းအိမ်မှာ ဒီဇင်ဘာ ၁၀ ရက်နေ့က အိမ်ဖော်အဖြစ် ၀င်ရောက်လုပ်ကိုင်နေရက ဒီဇင်ဘာ ၁၂ ရက်နေ့မှာတော့  အမျိုးသားဖြစ်သူ ကားတိုက်ခံရလို့ဆိုပြီး ထွက်သွားတာဖြစ်ပါတယ်။

သူထွက်သွားပြီးတဲ့နောက် သူ့အလုပ်ရှင်က ဘတ် ၇ သန်းတန် ရွှေငွေလက်ဝတ်လက်စားတွေ ပျော က်ဆုံးကြောင်း၊ သူ့ကို ရှာတွေ့ရင် ဘတ်ငွေတစ်သိန်းဆုချမယ့်အကြောင်း ကြေညာခဲ့ပါတယ်။

ကိုးကား - ထိုင်းရတ်သတင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013