DVB Logo
Home
မြန်မာသတင်း
ကသာမြို့နယ်​တွင် ယမ်းမှုန့်များ တရားမဝင်သယ်ဆောင်သူများကို ဖမ်းမိ
DVB
·
December 20, 2016
ကသာမြို့နယ်​တွင် ယမ်းမှုန့်များ တရားမဝင်သယ်ဆောင်သူများကို ဖမ်းမိ
Donate to DVB

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်၊ လမ်းခွကျေးရွာအနီး မောင်းတံဂိတ်မှာ ပေါက်ကွဲစေတတ်တဲ့ ယမ်းမှုန့်တွေ တရားမဝင် သယ်ယူလာသူ ၃ဦးကို မနေ့က ဖမ်းဆီးလိုက်ပါတယ်။

ဒီဇင်ဘာ ၁၉ ရက် ညနေက ကသာခရိုင် မှုခင်းနှိမ်နှင်းရေး ရဲတပ်ဖွဲ့ဝင်တွေက မူးယစ်ဆေးဝါး သတင်းအရ ကသာမြို့နယ်၊ လမ်းခွကျေးရွာအနီး မောင်းတံဂိတ်မှာ စောင့်ဆိုင်းနေစဉ် ကသာ ဘက်ကလာတဲ့ ဆိုင်ကယ် ၂စီးကို မသင်္ကာတဲ့အတွက် ရပ်တန့်စစ်ဆေး ရှာဖွေရာ အညိုရောင်ယမ်းမှုန့် ၁၅ ပိဿာ  ၂ အိတ်နဲ့ ၂၄ ပိဿာ ၁ အိတ်တို့ကို ရှာဖွေစစ်ဆေးတွေ့ရှိခဲ့ပါတယ်။

တရားမ၀င်ယမ်းမှုန့်တွေသယ်ဆောင်လာတဲ့ ရွှေဘိုမြို့နယ် ဟံလင်းကျေးရွာနေ အသက် ၂၀ အရွယ် စိုးသီဟ၊ ဆယ်ပင်ကျွန်း ကျေးရွာနေ မျိုးသန့်ကျော် (၂၂နှစ်)နဲ့ အုန်းပေါက်ကျေးရွာနေ ၀င်းမြင့်သန်း ၃၀ နှစ်တို့ကို ကသာမြို့မရဲစခန်းက ပေါက်ကွဲစေတတ်တဲ့ ၀တ္ထုပစ္စည်းတွေ ဥပဒေပုဒ်မ ၅/၆ အရအရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်း - ကိုကျော် (အင်းတော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013