DVB Logo
Home
မြန်မာသတင်း
မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့၏ စည်းမျဉ်းသစ်ကြောင့် ၁၂ ပွဲဈေးသည်များ အခက်ကြုံ
DVB
·
December 20, 2016
မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့၏ စည်းမျဉ်းသစ်ကြောင့် ၁၂ ပွဲဈေးသည်များ အခက်ကြုံ
Donate to DVB

 

မန်းရွှေစက်တော်ဘုရားပွဲတော် ကျင်းပနိုင်ရေးအတွက် ဂေါပကအဖွဲ့ရဲ့ စည်းမျဉ်းသစ်တွေကြောင့် ၁၂ ပွဲဈေးသည်တွေ  အခက်ကြုံနေရပါတယ်။

၂၀၁၇ ခုနှစ် မကွေးတိုင်း မင်းဘူးစကုမြို့နယ် မန်းရွှေစက်တော်ဘုရားပွဲတော် ကျင်းပနိုင်ရေးအတွက် ဈေးဆိုင်ခန်းတွေ လျှောက်ထားဖို့ကိစ္စကို မန်းရွှေစက်တော် ဘုရားဂေါပကအဖွဲ့က ဒီဇင်ဘာလ ၁၇ ရက်ကနေ ၃၁ ရက်အတွင်းမှာ လာရောက်လျှောက်ထားဖို့ ကြေညာချက်ထုတ် ပြန်ထားပါတယ်။

အဲဒီကြေညာချက်ထဲမှာ အရင်နှစ်တွေကဈေးဆိုင်ခန်းရရှိခဲ့ဘူးတဲ့ အထောက်အထားတွေနဲ့ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံချက်တွေနဲ့အတူ ပူးတွဲတင်ပြနိုင်တဲ့ သူသာ ဈေးဆိုင်ခန်း မြေနေရာအတွက်လျှောက်လွှာကို လက်ခံသွားမှာဖြစ်တယ်လို့ မန်းရွှေစက်တော်ဂေါပက အဖွဲ့ဥက္ကဋ္ဌဖြစ်သူ ဦးမြင့်သိန်းက ဒီဗွီဘီကိုပြောပါတယ်။

အဲ့ဒီစည်းကမ်းသတ်မှတ်ချက်ဟာ အရင်စစ်အစိုးရ အုပ်ချုပ်ရေးလက်ထက်ဂေါပကအဖွဲ့တွေကတောင် မသတ်မှတ်ခဲ့ပဲ ဒီနှစ်အရပ်သားအစိုးရ အရပ်သားဂေါပကလက်ထက်ကြမှ စည်းကမ်းအဖြစ် သတ်မှတ်တာဟာ ဈေးသူ ဈေးသားတွေ အခက်တွေ့အောင်၊ ဒုက္ခရောက်အောင်လုပ်တာဖြစ်တယ်လို့ ၁၉၈၈ ခုနှစ်ကတည်းက မန်းရွှေစက်တော် ဘုရားပွဲမှာ နှစ်စဉ်ဈေးရောင်းခဲ့တဲ့ ဦးအေးကိုက ပြောပါတ ယ်။

ဂေါပက ဥက္ကဋ္ဌက စည်းကမ်းချက်အသစ်ထည့်သွင်း သတ်မှတ်တာဟာ မန်းရွှေစက်တော်ဘုရားရဲ့ နာယကဖြစ်ပြီး မကွေးတိုင်းဝန်ကြီးချုပ်ဖြစ်သူ ဒေါက်တာအောင်မိုးညိုရဲ့ လမ်းညွှန်ချက် ဂေါပက အစည်းဝေး ဆုံးဖြတ်ချက်နဲ့ သတ်မှတ်ခဲ့တာဖြစ်တယ်လို့ ဂေါပကဥက္ကဋ္ဌကပြောပါတယ်။

အဒီဆုံးဖြတ်ချက်ကြောင့် ဈေးဆိုင်ခန်းတွေ လျှောက်ထားမယ့် ၁၂ ပွဲဈေးသည်တွေ ၅၀ ကျော် လောက်ဟာ ဒီနေ့ ဒီဇင်ဘာလ ၂၀ နေ့မှာ မင်းဘူးမြို့နယ်၊ မန်းရွှေစက်တော် ဂေါပကရုံးရှေ့မှာ မနက် ၉ နာရီရုံးဖွင့်ကတည်းက ညနေ ၃ နာရီအထိ မပြန်ကြဘဲ ဈေးဆိုင်ခန်းတွေ လျှောက်ထားခွင့်ရဖို့ ဆက်လက်တောင်းဆိုနေကြပါတယ်။

ဆိုင်ခန်းလာလျှောက်ကြတဲ့ဈေးသည်တွေဟာ မုံရွာ၊ ပခုက္ကူ တောင်ကြီး၊ ကျောက်ပန်းတောင်း၊ စစ်ကိုင်း၊ ပွင့်ဖြူ၊ မင်းဘူး၊ မကွေးမြို့က ဈေးသည်တွေဖြစ်ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013