DVB Logo
Home
မြန်မာသတင်း
မသန်စွမ်းတွေကို လူမှုပတ်ဝန်းကျင်မှာ မခွဲခြားဘဲ ဝိုင်းဝန်းကူညီကြရန် မေတ္တာရပ်ခံ
DVB
·
December 20, 2016
Donate to DVB

ဒီဇင်ဘာ ၂၀ ရက်နေ့ နံနက်ပိုင်းက မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်ရှိ ပြင်ဦးလွင် မျက်မမြင်ကျောင်းဆရာတော် တည်ထောင်တဲ့ ပရဟိတ မသန်စွမ်း ဘက်စုံဖွံ့ဖြိုးရေးသင်တန်းကျောင်း ၁ နှစ်ပြည့် အခမ်းအနားမှာ ဆရာတော် ဦးဉေယျက မသန်စွမ်းတွေကို ဝိုင်းဝန်းကူညီကြဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။

မသန်စွမ်းတွေကို သန်စွမ်းသူတွေလိုပဲ သဘောထားပြီး မသန်စွမ်းတွေရဲ့ဘဝ လူမှုပတ်ဝန်းကျင်မှာ ဂုဏ်သိက္ခာရှိရှိနဲ့ ရပ်တည်နိုင်ဖို့ အစိုးရ၊ ပြည်သူတို့က ကူညီစောင့်ရှောက်မှသာ ရေရှည်ရပ်တည်နိုင်မယ်လို့ ဆိုပါတယ်။

မုံရွာမြို့ မသန်စွမ်းကျောင်းမှာ အသက် ၈ နှစ်ကနေ ၂၈ နှစ်ထိ အမျိုးသမီးမသန်စွမ်း ၈ ဦး၊ အမျိုးသား ၉ ဦး၊ စုစုပေါင်း ၁၇ ဦးတို့ကို ဇာထိုးပန်းထိုး၊ စက်ချုပ်၊ ကွန်ပျုတာ၊ ဗေဒင်တို့ကို သင်ကြားပေးနေတာ ဖြစ်ပါတယ်။

၁ နှစ်ပြည့် အခမ်းအနားကို ပြင်ဦးလွင်မျက်မမြင်ကျောင်း၊ ရောင်ခြည်သစ် မျက်မမြင်ကျောင်း၊ ရွှေဘိုမျက်မမြင်ကျောင်းတို့အပြင် စေတနာရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ အစိုးရအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။

သတေင်း၊ ဓာတ်ပုံ - အောင်ကိုလတ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013