DVB Logo
Home
မြန်မာသတင်း
ရွှေတိဂုံစေတီတော်သို့ လာရောက်သည့် နိုင်ငံခြားသားဦးရေ လစဉ်တိုးတက်
DVB
·
December 20, 2016
ရွှေတိဂုံစေတီတော်သို့ လာရောက်သည့် နိုင်ငံခြားသားဦးရေ လစဉ်တိုးတက်
Donate to DVB

၂၀၁၆ ခုနှစ်အတွင်း ရွှေတိဂုံစေတီတော်ကို လာရောက်တဲ့ နိုင်ငံခြားသားဦးရေ လစဉ်တိုးတက်လာပြီး တရက်ကို ပျမ်းမျှ နိုင်ငံခြားသားဦးရေ ၁၀၀၀ ကျော်အထိ ဝင်ရောက်နေတယ်လို့ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ရဲ့ စာရင်းတွေအရ သိရပါတယ်။

ဇန်နဝါရီလကနေ နိုဝင်ဘာလကုန်အထိ ဝင်ရောက်တဲ့ နိုင်ငံခြားသားဦးရေ စုစုပေါင်း ၅ သိန်း ၁ သောင်းကျော် ဝန်းကျင် ရှိနေပါတယ်။

ရွှေတိဂုံစေတီတော်ရဲ့ တရက်ပျမ်းမျှအလှူငွေ ကောက်ခံရရှိမှုဟာလည်း တရက်ကို အလှူငွေ သိန်း ၂၀ ကျော်ရရှိတယ်လို့ ဂေါပကအဖွဲ့ရဲ့ စာရင်းတွေအရ သိရပါတယ်။

ဂေါပကအဖွဲ့အနေနဲ့ နိုင်ငံခြားသားဝင်ကြေး တဦးကို ၈၀၀၀ ကျပ်ကနေ ၁၀၀၀၀ ကျပ်အထိ တိုးမြှင့်ကောက်ခံဖို့ လျာထားပေမယ့် လက်ရှိအချိန်မှာ မူလကောက်ခံတဲ့ ၈၀၀၀ ကျပ်သာ ကောက်ခံသွားမှာဖြစ်ပြီး တိုးမြှင့်ကောက်ခံခြင်း မပြုတော့ဘူးလို့ ဂေါပကအဖွဲ့က ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013