DVB Logo
Home
မြန်မာသတင်း
တဦးချင်း မော်တော်ယာဉ်တင်သွင်းခွင့်ပါမစ် လျှောက်ထားခွင့်ပြုမှု ရပ်ဆိုင်း
DVB
·
December 20, 2016
တဦးချင်း မော်တော်ယာဉ်တင်သွင်းခွင့်ပါမစ် လျှောက်ထားခွင့်ပြုမှု ရပ်ဆိုင်း
Donate to DVB

စီးပွားကူးသန်း ရန်ကုန်ရုံးမှာ တဦးချင်း မော်တော်ယာဉ်တင်သွင်းခွင့်ပါမစ် လျှောက်ထားတာတွေကို ရပ်ဆိုင်းလိုက်ပါတယ်။

၂၀၁၆ ခုနှစ်အတွက် တဦးချင်း မော်တော်ယာဉ်တင်သွင်းခွင့် ပါမစ်တွေ ထုတ်ပေးတာကို ဒီဇင်ဘာလ ၁၉ ရက်နေ့ကစပြီး စီးပွားကူးသန်း ရန်ကုန်ရုံးမှာ ရပ်ဆိုင်းလိုက်တာပါ။

မော်တော်ယာဉ်တင်သွင်းခွင့်တွေကို စနစ်တကျစိစစ်ဖို့ လိုအပ်နေတဲ့အတွက် အခုလို ရပ်ဆိုင်းလိုက်တာလို့ စီးပွားကူးသန်းဝန်ကြီးဌာနက ဒုတိယညွှန်ကြားရေးမှူး ဦးမင်းမင်းက ပြောပါတယ်။

“မနှစ်တုန်းက အတွေ့အကြုံအရလည်း ဒီမှာ မတော်မတရားလုပ်တာတွေ များတယ်ပေါ့နော်။ ဒီလိုမျိုးဖြစ်တယ်ဆိုတော့ ကျနော်တို့က ဒီမှာ ရုံးချုပ်ဖြစ်တဲ့အတွက် သေချာစိစစ်နိုင်တာပေါ့ဗျာ။ ဒီနှစ်အတွက်က ၂၃ ရက်နေ့ဆို ပြီးပြီလေ။ ၂၃ ရက်နေ့အထိကတော့ မဖွင့်ပေးတော့ဘူးပေါ့။ နောက်နှစ်ကိစ္စအတွက်ကတော့ ကျနော်တို့ ပြန်ပြီးစဉ်းစားမှာပေါ့နော်။”

၂၀၁၆ ခုနှစ်အတွက် တဦးချင်း မော်တော်ယာဉ်တင်သွင်းခွင့် ပါမစ်တွေကို ဒီဇင်ဘာ ၂၃ ရက်နေ့အထိ စီးပွားကူးသန်းရုံးမှာ ထုတ်ပေးနေတာ ဖြစ်ပါတယ်။

ဒီလို ရက်ကန့်သတ်ထားတဲ့အတွက် မော်တော်ယာဉ်ဈေးနှုန်းတွေ ကျပ် ၁၅ သိန်းကနေ ကျပ်သိန်း ၂၀ လောက်ထိ မြင့်တက်နေတယ်လို့ မြန်မာနိုင်ငံ မော်တော်ယာဉ် ရောင်းဝယ်သူများအသင်းမှ ဦးမင်းဦးက ပြောပါတယ်။
“နဂိုကတည်းကမှ ဒေါ်လာဈေးမတက်ခင်ကတည်းက ပါမစ်လျော့လျော့ဖြစ်နေတယ်။ နောက် မော်ဒယ်တွေ သတ်မှတ်တယ်လေ။ ၂၀၁၁၊ ၂၀၁၂၊ ၂၀၁၃၊ ၂၀၁၄ ကို စလစ်ကပ်ရမယ်။ ၂၀၁၅၊ ၂၀၁၆ ကို ဘယ်မောင်းဆိုတော့ အဲဒီကတည်းက ကားဈေးက တက်နေတာပဲ။ အရောင်းအဝယ်ကတော့ ပါးသွားတာပေါ့။ ဈေးတက်ရင် ပါးသွားတယ်လေ။”

ဒါ့အပြင် အိမ်စီးကား စလစ်ဈေးတွေလည်း တစောင်ကို ကျပ် သိန်း ၁၀၀ ကျော်လောက်အထိ မြင့်တက်နေတယ်လို့ ဆိုပါတယ်။
လက်ရှိ မူဝါဒအပြောင်းအလဲတွေအရ မော်တော်ယာဉ် ဈေးနှုန်းတွေဟာ ၂၀၁၇ မတ်လအထိ ပြန်ကျမယ့် အလားအလာ မရှိဘူးလို့ မြန်မာနိုင်ငံ မော်တော်ယာဉ်ရောင်းဝယ်သူတွေက သုံးသပ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013