DVB Logo
Home
မြန်မာသတင်း
စံချိန်တင်မြင့်တက်ခဲ့သည့် ဒေါ်လာဈေး ရက်ပိုင်းအတွင်း ၁ ဒေါ်လာကို ၅၅ ကျပ်ခန့် ကျဆင်း
DVB
·
December 20, 2016
စံချိန်တင်မြင့်တက်ခဲ့သည့် ဒေါ်လာဈေး ရက်ပိုင်းအတွင်း ၁ ဒေါ်လာကို ၅၅ ကျပ်ခန့် ကျဆင်း
Donate to DVB

မြန်မာ့ငွေကြေးဈေးကွက်အတွင်း ၁၄၀၀ ကျော်အထိ စံချိန်တင်မြင့်တက်ခဲ့တဲ့ အမေရိကန်ဒေါ်လာငွေဟာ ဒီရက်ပိုင်းအတွင်းမှာ တဒေါ်လာကို ၅၅ ကျပ်လောက် ကျဆင်းလာကြောင်း ဈေးကွက်အတွင်းက သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၆ ရက်နေ့က အမေရိကန် တဒေါ်လာကို မြန်မာငွေ ၁၄၃၈ ကျပ်အထိ ဖြစ်ပေါ်ခဲ့ပေမယ့် မနေ့ကတော့ ၁၃၈၀ စွန်းစွန်းလောက် ပေါက်ဈေးဖြစ်ပေါ်ခဲ့တာပါ။

ဈေးကွက်အတွင်း ဒေါ်လာဈေး ကျဆင်းလာတာဟာ ရန်ကုန်ကားတင်သွင်းမှုပါမစ် ရုတ်တရက် ရပ်ဆိုင်းလိုက်တာကြောင့် ဒေါ်လာဝယ်ယူမှု နည်းလာတာနဲ့ဆိုင်ကြောင်း ဈေးကွက်ကျွမ်းကျင်သူတွေက ပြောပါတယ်။

အမေရိကန်ဒေါ်လာငွေဟာ အောက်တိုဘာလလယ်ကနေစပြီး တရိပ်ရိပ် တက်လာနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013