
မုံရွာအခြေစိုက်သတင်းထောက် ကိုစိုးမိုးထွန်းအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် CMMD J School သင်တန်းသားတွေ၊ ပြည်သူ့ခေတ်ဂျာနယ်က သတင်းထောက်တွေနဲ့ တခြားမီဒီယာတွေက သတင်းထောက်တွေ ပူးပေါင်းပြီး ဖယောင်းတိုင်ထွန်းညှိ ဆုတောင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
အဲဒီဆုတောင်းပွဲကို ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ မနေ့ ညနေ ၆ နာရီခွဲက ကျင်းပပြုလုပ်ခဲ့တာပါ။
အသတ်ခံရသူ ကိုစိုးမိုးထွန်းအတွက် ဖယောင်းတိုင်ကိုယ်စီကိုင်ကာ ၁ မိနစ် ငြိမ်သက်ဆုတောင်းခဲ့ကြပါတယ်။
အမှုမှန် အမြန်ဆုံးပေါ်ဖို့ ဒီဆုတောင်းပွဲက အစိုးရကို တွန်းအားပေးတာဖြစ်တယ်လို့ ဦးဆောင်သူတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်နေ့က အလဲဗင်းမီဒီယာရဲ့ မုံရွာအခြေစိုက်သတင်းထောက် ကိုစိုးမိုးထွန်း အသတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
သတင်း၊ ဓာတ်ပုံ - ရန်နိုင်ဇော်ဝင်း










