DVB Logo
Home
မြန်မာသတင်း
အရည်အချင်းနှင့်ကိုက်ညီသည့်အလုပ်များ လုပ်ခွင့်ပေးရန် ရွှေ့ပြောင်းအလုပ်သမားများတောင်းဆို
DVB
·
December 19, 2016
အရည်အချင်းနှင့်ကိုက်ညီသည့်အလုပ်များ လုပ်ခွင့်ပေးရန် ရွှေ့ပြောင်းအလုပ်သမားများတောင်းဆို
Donate to DVB

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ မိမိအရည်အချင်းနဲ့ ကိုက်ညီတဲ့ အလုပ်အကိုင်တွေ လုပ်ကိုင်ခွင့်ရဖို့ ရွှေ့ပြောင်းအလုပ်သမားနဲ့ ထိုင်းအလုပ်သမားအဖွဲ့အစည်းတွေက ထိုင်းအစိုးရကို တောင်းဆိုလိုက်ပါတယ်။

ဒီဇင်ဘာ၁၈ ရက် ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမားနေ့မှာ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ထိုင်းအလုပ်သမားအဖွဲ့အစည်းတွေက ချင်းမိုင်မှာတွေ့ဆုံပြီး အလုပ်သမားလိုလားချက်နဲ့ ပြဿ နာတွေ ဆွေးနွေးကာ တောင်းဆိုလိုတာဖြစ်ပါတယ်။

အလုပ်သမားအဖွဲ့တွေဟာ ဒီကနေ့ ညနေပိုင်းက ချင်းမိုင်ခရိုင်ဝန်ရုံးကို ချီတက်လာကြပြီး အလုပ်သမားအခွင့်အရေးတွေ တောင်းဆိုခဲ့တယ်လို့ ရွှေ့ပြောင်းအလုပ်သမားသွေးစည်း ညီညွတ်ရေး အဖွဲ့ဝင် နန်းခမ်းလောဝ်က ပြောပါတယ်။

“ထိုင်းအစိုးရကို တောင်းဆိုတာက ရွှေ့ပြောင်းအလုပ်သမားတွေလည်း ကိုယ့်အရည်အချင်းနဲ့ ကိုက်ညီ တဲ့ အလုပ်ကို လုပ်ခွင့်ပြုဖို့၊ လုပ်ငန်းခွင်အရည်အသွေးမြင့် သင်တန်းတက်ပြီးရင် လက်မှတ်ထုတ်ပေးဖို့၊ အလုပ်သမားတိုင်း လူမှုဖူလုံရေးရံပုံငွေမှာ ပါဝင်ခွင့်ရဖို့၊ ဘာလက်မှတ်မှ မရှိတဲ့ သူတွေကို နောက်ထပ်မှတ်ပုံတင်ပေးဖို့၊ မှတ်ပုံတင်ကြေးတွေလည်း ဈေးလျှော့ပေးပြီး လက်မှတ်လုပ်ချိန် ၄ လအထိ ပေးဖို့ တောင်းဆိုပါတယ်။”
ချင်းမိုင်ခရိုင်ဝန်ကိုတော့ ချင်းမိုင်မှာဖွင့်လှစ်ထားတဲ့ အလုပ်သမားကူညီပေးရေးစင်တာကို ထိထိ ရောက်ရောက်အကူအညီပေးဖို့နဲ့ သက်ဆိုင်ရာဝန်ထမ်းတွေကို ကြပ်မတ်ပေးဖို့ တောင်းဆိုပြီး ထိုင်းပြည်ထဲရေးဌာနကိုတော့ တောင်ပေါ်သား အလုပ်သမားတွေကိုလည်း လွတ်လပ်စွာခရီး သွားလာခွင့်ပြုဖို့ တောင်းဆိုထားပါတယ်။

ထိုင်းမြန်မာသံရုံးအနေနဲ့လည်း လူမျိုးရေးခွဲခြားမှုမရှိဘဲ အလုပ်သမားပြသနာတိုင်းကို လက်ခံဖြေရှင်းပေးဖို့နဲ့ ထိုင်းမြန်မာ ၂ နိုင်ငံအစိုးရအနေနဲ့ အလုပ်သမားစေလွှတ်ရာမှာ ပွဲစားပြဿ နာဖြေရှင်းပေးဖို့ တောင်းဆိုထားပါတယ်။
မြန်မာအစိုးရကိုတော့ ပြည်တော်ပြန်အလုပ်သမားများရဲ့ နိုင်ငံသားအခွင့်အရေး၊ အိမ်ထောင်စု မှတ်ပုံတင်စာရင်းဆောင်ရွက်ပေးရေး၊ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်အခွင့် အရေးတွေ ဖော်ဆောင်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

အလုပ်သမားတွေရဲ့ တောင်းဆိုချက်ကို ချင်းမိုင်ခရိုင်ဝန်ကိုယ်စား လက်ထောက်ခရိုင်ဝန်က လာရောက်လက်ခံရယူပြီး သက်ဆိုင်ရာကို ဆက်လက်ပေးပို့ကာ အလုပ်သမားတွေအဆင်ပြေအောင် ညှိနှိုင်းဆောင်ရွက်ပေးမယ်လို့ ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013