DVB Logo
Home
မြန်မာသတင်း
အင်ကြင်းကျောက်များ အချောထည်ပြုလုပ်ပြီး ပြည်ပတင်ပို့ရောင်းချရန် အခက်အခဲများစွာရှိနေ
DVB
·
December 19, 2016
အင်ကြင်းကျောက်များ အချောထည်ပြုလုပ်ပြီး ပြည်ပတင်ပို့ရောင်းချရန် အခက်အခဲများစွာရှိနေ
Donate to DVB

လက်ရှိမှာ ပြည်တွင်းမှာအသုံးပြုမှုနည်းပါးနေတဲ့ အင်ကြင်းကျောက်များကို အချောထည်များပြုလုပ်ပြီး ပြည်ပကို တင်ပို့ရောင်းချဖို့အတွက် အခက်အခဲများစွာရှိနေတယ်လို့ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းကပြောဆိုလိုက်ပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ ၁၉ ရက်နေ့မှာပြုလုပ်တဲ့ ပြည်သူ့လွှတ်တော်အစည်းမဝေးမှာ နွားထိုးကြီး မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ထူးအောင် မေးမြန်းတဲ့အင်ကြင်းကျောက် တူးဖော်တင်ပို့ရောင်းချနေခြင်းများကို နိုင်ငံတော်နှင့် ဒေသခံများ အကျိုးအမြတ်ဖြစ်ထွန်းစေရေးအတွက် မည်ကဲ့သို့သော မူဝါဒများ ချမှတ်သွားမည်နှင့် မည်ကဲ့သို့သော ဈေးကွက်ဖော်ဆောင်ပေးခြင်းများ ပြုလုပ်ပေးမည်ကို သိလိုတဲ့မေးခွန်းကို ဖြေကြားရာမှာ ထည့်သွင်းဖြေကြားသွားတာပါ။

"ဈေးကွက်ဖော်ဆောင်ပေးခြင်း အပိုင်းအနေနဲ့ပတ်သက်လို့ကတော့ အချောထည်ပြုလုပ်ဖို့ နည်း ပညာလိုအပ်ချက်ရှိခြင်း၊ ငွေကြေးနဲ့စက်ကိရိယာရင်းနှီးမြှုပ်နှံမှုပမာဏမြင့်မားခြင်း၊ ပြည်တွင်းအသုံးပြုမှု နည်းပါးပြီး ပြည်ပဝယ်လက်ရဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး ဈေးကွက်ဖြစ်တည်ရခြင်းတို့ကြောင့် ဝန်ကြီးဌာနအနေနဲ့ ချောကြမ်း (Semi-finish) အဆင့်ပြုပြင်ပြီး အင်ကြင်းကျောက်တွေကို တင်ပို့ ရောင်းချခြင်းအား ဖြေလျော့ခွင့်ပြုတဲ့ အခြေအနေသာရှိပါတယ်"လို့ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ဆိုပါတယ်။

လက်ရှိမှာ လုပ်ငန်းရှင်တွေအနေနဲ့ကတော့ ပြည်ပတင်ပို့ရောင်းချဖို့အတွက် နိုင်ငံခြားငွေ အမေရိကန် ဒေါ်လာနဲ့ ပေးသွင်းရမယ့် ဓာတ်သတ္တုခွန် ၂ ရာခိုင်နှုန်းနဲ့ ခွဲဝေမှုအချိုး ၈.၂၅ ရာခိုင်နှုန်း အပြင် မြန်မာကျပ်ငွေနဲ့ပေါက်ဈေး ၃ ရာခိုင်နှုန်းတို့ကို ပေးသွင်းပြီးပါက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကို ဈေးနှုန်းထောက်ခံချက်ထုတ်ပေးခြင်းတွေကို ဝန်ကြီးဌာနက ဆောင်ရွက်ပေးတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013