DVB Logo
Home
မြန်မာသတင်း
အမျိုးသမီးလိင်လုပ်သားများ ကျန်းမာရေးဝန်ဆောင်မှုရရန်နှင့် အိပ်ခ်ျအိုင်ဗွီ ကုသနိုင်ရန် အရေးတကြီး လိုအပ်နေ
DVB
·
December 19, 2016
အမျိုးသမီးလိင်လုပ်သားများ ကျန်းမာရေးဝန်ဆောင်မှုရရန်နှင့် အိပ်ခ်ျအိုင်ဗွီ ကုသနိုင်ရန် အရေးတကြီး လိုအပ်နေ
Donate to DVB

အမျိုးသမီးလိင်လုပ်သားတွေအတွက် ကျန်းမာရေးဝန်ဆောင်မှုရဖို့နဲ့ အိပ်ခ်ျအိုင်ဗွီနဲ့ပတ်သက်ပြီး ကုသနိုင်ဖို့ အရေးတကြီး လိုအပ်နေတယ်လို့ အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေက ဆိုပါတယ်။

အမျိုးသမီးလိင်လုပ်သားတွေအနေနဲ့ ခွဲခြားဆက်ဆံခံရတာ၊ အကြမ်းဖက်ခံရတာတွေကို လက်ရှိအချိန်ထိ ကြုံနေရဆဲ ဖြစ်ပါတယ်။

အကြမ်းဖက်ခံရတာကြောင့် အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံရသလို ခွဲခြားဆက်ဆံတာကြောင့် ကုသဖို့ အခွင့်အရေး လျော့နည်းနေတာပါ။

ရန်ကုန်မှာရှိတဲ့ အမျိုသမီးလိင်လုပ်သားတွေရဲ့ လေးပုံတပုံမှာ အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံထားရတယ်လို့ UNAIDS ရဲ့ လေ့လာချက်အရ သိရပါတယ်။

Aye Myanmar Association ရဲ့ ကွင်းဆင်းပညာပေးဝန်ထမ်း မသဇင်က “အဖမ်းခံလိုက်ရပြီဆိုရင် အိပ်ခ်ျအိုင်ဗွီရှိလို့ အေအာတီဆေး သောက်နေရတဲ့သူတွေအတွက် အခက်အခဲတွေ ကြုံရတယ်။ Sex Worker တွေက ပတ်ဝန်းကျင်မှာလည်း ခွဲခြားဆက်ဆံခံရတာကြောင့် ဆေးစစ်ဖို့၊ ဆေးယူဖို့တွေမှာ စိုးရွံ့တာတွေလည်းရှိတယ်” လို့ ပြောပါတယ်။

ကွန်ဒုံးလက်ဝယ်ထားလို့ မဖမ်းရဘူး သတ်မှတ်ထားပေမယ့် အခုအချိန်အထိ ဖမ်းဆီးနေတာတွေ ရှိနေတယ်လို့ အမျိုးသမီး လိင်လုပ်သားတွေက ပြောပါတယ်။

ကိုယ်တိုင်အလုပ်လုပ်သူတွေထက် လုပ်ငန်းရှင်ဆီမှာ အလုပ်လုပ်ကိုင်တဲ့ အမျိုးသမီး လိင်လုပ်သားတွေကတော့ ကျန်းမာရေးဝန်ဆောင်မှုရဖို့ အခွင့်အလမ်း အများကြီး နည်းနေပါသေးတယ်။

လိင်လုပ်သားတွေကို အကူအညီပေးနေတဲ့ Aye Myanmar Association ရဲ့ ညှိနှိုင်း ဆောင်ရွက်ရေးမှူး ကိုကျော်ဇေယျာဆွေက “အဖမ်းခံရသူတွေဆိုရင် အမှုမှာ တဝက်လောက် ရှုံးပြီးသားပဲ။ တရားသူကြီးက အဖမ်းခံရသူပြောတာထက် ရဲပြောတာကို ပိုနားထောင်တယ်။ ပြီးတော့ အလွတ်လုပ်နေတဲ့သူတွေထက် လုပ်ငန်းရှင်ဆီမှာ လုပ်နေသူတွေက ကျန်းမာရေးနဲ့ပတ်သက်ပြီး အခွင့်အလမ်းနည်းတယ်” လို့ ပြောပါတယ်။

လိင်လုပ်ငန်းကို ရာဇဝတ်မှုလို့ သတ်မှတ်ထားတာက ဆိုးကျိုးတွေ ပိုဖြစ်စေနိုင်တယ်လို့ လိင်လုပ်သားတွေနဲ့ အကူအညီပေးနေသူတွေက ဝေဖန်ပြီး ဥပဒေကို ပြင်ဆင်ပေးဖို့ တောင်းဆိုနေကြပါတယ်။

အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်ရောဂါ အဖြစ်အများဆုံး ၁၀ နိုင်ငံမှာ မြန်မာနိုင်ငံ ပါဝင်နေပါတယ်။

မြန်မာတနိုင်ငံလုံးမှာ အမျိုးသမီးလိင်လုပ်သား ၇ သောင်းဝန်းကျင်ရှိတယ်လို့ UNAIDS ရဲ့ စစ်တမ်းတခုမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013