DVB Logo
Home
မြန်မာသတင်း
တာချီလိတ်တွင် အာပီဂျီဗုံးသီးအပါအ၀င် လက်နက်များဖမ်းမိ
DVB
·
December 18, 2016
တာချီလိတ်တွင် အာပီဂျီဗုံးသီးအပါအ၀င် လက်နက်များဖမ်းမိ
1 / 7
Donate to DVB

ရှမ်းပြည်နယ် တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ ပုံလို့ ( ၁၃) လမ်း၊ ကျော်ကုန်စည် ပို့ဆောင်ရေး ခြံဝင်းထဲမှာ  ဒီဇင်ဘာ ၁၇ ရက် မနက်က လက်နက်တွေနဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီး ရမိတယ်လို့ အစိုးရပြန်ကြားရေးက သတင်းထုတ်ပါတယ်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်တွေဟာ ကျော်ကုန်စည်ပို့ဆောင်ရေး ခြံဝင်းအတွင်းသို့ ၀င်ရောက်ရှာဖွေရာမှာ  ဂိုဒေါင်ထဲက ဘိန်းဖြူ ဘလောက်တုံး (၁၄၁)တုံး၊ အလေးချိန်(၄၉.၃၅) ကီလိုဂရမ်၊ အလေးချိန် (၇၀၀)ဂရမ်ရှိ WY စာတမ်းပါ နီညိုရောင် စိတ်ကြွဆေးပြား (၇၀၀၀)ပြား  ထိုင်းဘတ်ငွေ ၈သောင်းနဲ့ မြန်မာငွေကျပ် ၁၅ သိန်းဖမ်းမိခဲ့ တယ်လို့ဆိုပါတယ်။

ဒါ့အပြင် ဂိုဒေါင်ထဲရှိ မြေစိုက်မှန်လုံကားအတွင်းကနေ အမ်-၂၂ ပြောင်းရှည် သေနတ်(၃)လက်၊ အမ်-၁၆ ပြောင်းရှည်သေနတ် (၁)လက်၊ အမ်-၂၁ ပြောင်းရည် သေနတ်(၁)လက်၊ အာပီဂျီဗုံးသီး (၁)လုံး၊ စက်လတ်ပြောင်းပို (၁)ခု၊ သေနတ်ကာဗာ (၁)ခု၊ ကျည်တောင့် (၁၃၄၅)တောင့်၊ မွေ့ယာအောက်မှ ပွိုင့်-၂၂ ပြောင်းရှည်သေနတ် (၂)လက်၊ အေကေ-၄၇ ပြောင်းရှည်သေနတ် (၁)လက်၊ ယမ်းတောင့် (၃၉)ချောင်းကို သိမ်းဆည်းရမိတယ်လို့လည်းဆိုပါတယ်။

ဖမ်းမိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ပတ်သက်ပြီး ကျော်မြင့်(ခ)အောင်ကျော်မြင့်၊ ကျော်ထွေးမြင့်၊ ၀င်းကျော်လှ၊ စိုးဝင်းထွေး၊ သီတာမိုး ၊ နန်းစံဖူး၊ အားယိမ်း(တိမ်းရှောင်နေသူ) တို့ကို ဥပဒေအရ အရေးယူနိုင်ဖို့ ဆက်လက်ဆောင်ရွက်နေတယ်လို့သိရတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013