DVB Logo
Home
မြန်မာသတင်း
ဒေါ်လာဈေးတက်သဖြင့် နိုင်ငံခြားဖြစ် လူသုံးကုန်ပစ္စည်များ ဈေးနှုန်းမြင့်တက်
DVB
·
December 18, 2016
ဒေါ်လာဈေးတက်သဖြင့် နိုင်ငံခြားဖြစ် လူသုံးကုန်ပစ္စည်များ ဈေးနှုန်းမြင့်တက်
Donate to DVB

ခုရက်ပိုင်းအတွင်း ဒေါ်လာဈေးတွေ စံချိန်တင် မြင့်တက်နေတာကြောင့် နိုင်ငံခြားက တင်သွင်းတဲ့ လူသုံးကုန်ပစ္စည်းတွေ ဈေးနှုန်းမြင့်တက်လာပြီး  ဈေးကွက်အတွင်း အရောင်းအ၀ယ်အေးနေပါတယ်။

ထိုင်းနိုင်ငံက အလှကုန်ပစ္စည်းတွေကို အများဆုံး တင်သွင်းရောင်းချနေတဲ့   ယုဇနပလာဇာက အလှကုန်ပစ္စည်း အရောင်းဆိုင်မှာ အရောင်းအ၀ယ်ကောင်းတဲ့ စနေ၊ တနင်္ဂနွေ ရက်တွေမှာတောင် ဈေးဝယ်သူ နည်းနေတယ်လို့ Beauty Shop အလှကုန် ဆိုင်ပိုင်ရှင်က မစန်းသော် ပြောပါတယ်။

“နည်းနည်းတော့ ပါးသွားတာပေါ့ အမရယ်။ အရင်ကလိုတော့ လူတွေက အများကြီး မ၀ယ်တော့ဘူးပေါ့ နော်။ အရင် ငါးထောင်ဝယ်ရတဲ့ ပစ္စည်းဆိုရင် အခု ခြောက်ထောင်လောက် ဖြစ်ရင်ဖြစ်သွားတယ်။ အရင် တသောင်းလောက် ၀ယ်ရတဲ့ဟာဆိုရင် အခု သောင်းတထောင်၊ သောင်းနှစ်ထောင် ဆိုတော့ တော်တော် လေးတော့ ကွာဟသွားတာပေါ့။”

တရုတ်က သွင်းတဲ့ ဖုန်းဟန်းဆက်နဲ့ အပိုပစ္စည်းတွေလည်း ဒေါ်လာဈေးမြင့်တက်မှုကြောင့် အရောင်းအ၀ယ်လုပ်ဖို့ အခက်တွေ့နေရတယ်လို့ ဖုန်းပစ္စည်း အရောင်းဆိုင် ဆိုင်ပိုင်ရှင် ဦးရွှေပါက ပြောပါတယ်။

“ဒီပစ္စည်းနည်းတဲ့ဟာကိုတောင်မှ သူတို့က ငွေဈေးနည်းနည်းလေးနဲ့ သုံးတဲ့အခါကျတော့ အဲလို ငွေဈေး ထက်တက်သွားတယ်ဆိုရင် မ၀ယ်နိုင်ကြဘူး။ မ၀ယ်နိုင်တော့ အကိုတို့အနေနဲ့ကလည်း ဈေးတင်ရောင်းလို့ မရဘူး။ ဈေးတင်ရောင်းလို့ မရတဲ့အခါကျတော့ ၀ယ်ရတော့ ဈေးကြီးပေးဝယ်ပြီးတော့ ပြန်ရောင်းတဲ့ အခါကျတော့ ရောင်းလို့မရဘူး။ အကိုတို့ အများကြီးအရှုံးတွေနဲ့ ရင်ဆိုင်ရတယ်။ အခုဆိုရင် အစစအရာရာ ဈေးတက်နေတဲ့ အခါကျတော့ အရောင်းအ၀ယ်က တအားထိုးဆင်းပြီး စီးပွားရေး ရပ်တန့်တဲ့ပုံစံ ဖြစ်သွားတာပေါ့။

ဒီဇင်ဘာလအတွင်း နိုင်ငံခြား ငွေလဲနှုန်းမှာ အမေရိကန်ဒေါ်လာ ဈေးနှုန်းဟာ မကြုံဖူးလောက်အောင် စံချိန်တင် မြင့်တက်နေပြီး တဒေါ်လာကို ကျပ် ၁၄၄၀ ကျော်အထိ မြင့်တက်နေပါတယ်။

အကျိုးဆက်အနေနဲ့ နိုင်ငံခြားကနေ သွင်းတဲ့ လူသုံးကုန် ပစ္စည်းတွေ၊ အလှကုန် ပစ္စည်းတွေ၊ စက်သုံးဆီ ဈေးနှုန်းတွေလည်း မြင့်တက်နေပါတယ်။

တကမ္ဘာလုံး အတိုင်းအတာအထိ ဒေါ်လာဈေး မြင့်တက်နေတဲ့ ဂယက်ကြောင့် မြင့်တက်နေတဲ့  ကုန်ဈေးနှုန်းတွေ ကမောက်ကမ ဖြစ်မှာကိုလည်း စီးပွားရေး ပညာရှင်တွေက သတိပေးနေပါတယ်။

ဒီကိစ္စကို ထိန်းညှိနိုင်ဖို့အတွက် အစိုးရအနေနနဲ့ ဗဟိုဘဏ်၊ စီမံဘဏ္ဍာ၊ စီးပွားကူးသန်း စတဲ့ ၀န်ကြီးဌာနတွေနဲ့ ညှိနှိုင်းပြီး ဆောင်ရွက်နေတယ်လို့ စီမံဘဏ္ဍာ ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက ဒီဇင်ဘာ ၁၆ က ပြည်ထောင်စု လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013