DVB Logo
Home
မြန်မာသတင်း
အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ရှေ့လကျင်းပမည်
DVB
·
December 18, 2016
အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ရှေ့လကျင်းပမည်
Donate to DVB

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို လာမယ့် ဇန်န၀ါရီလအတွင်းကျင်းပဖို့ ပါဝင်မယ့်သူတွေကိုရွေးချယ်နေတယ်လို့  ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲ ကော်မတီ(UPDJC)ကသိရပါတယ်။

နိုင်ငံရေးဆွေးနွေးပွဲတွေ အကောင်အထည်ဖော်ဖို့ UPDJC အတွင်းရေးမှူး အစည်းအဝေးကို ဒီဇင်ဘာ ၁၇ ရက်ကရန်ကုန်မြို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဋ္ဌာနမှာပြုလုပ်ခဲ့ရာမှာ UPDJC အတွင်းရေးမှူး ၁၅ ဦးအပါအ၀င်၊ နိုင်ငံရေးအစုအဖွဲ့မှ ဒုဥက္ကဋ္ဌ ဦးသုဝေနဲ့ အတွင်းရေးမှူး တွေတက်ရောက်ခဲ့ပါတယ်။

ဆွေးနွေးပွဲမှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကြီး ကြပ်ရေးကော်မတီဖွဲ့စည်းဖို့၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစု ပင်လုံလုပ်ငန်းကော်မတီကိစ္စတွေ၊ UPDJC ရုံးအဖွဲ့ကိစ္စရပ်တွေနဲ့ UPDJC စုံညီအစည်းအဝေးကျင်းပရေးတို့ကို ဆွေးနွေးခဲ့တာပါ။

ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီအတွင်းရေးမှူး ဦးလှမောင်ရွှေက“ဒေသဆိုင်ရာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေး ကြီးကြပ်မှုကော်မတီမှာ အီးအေအိုက သုံးယောက် ပါရမယ်။ တယောက်စီဆိုတဲ့အတွက် သုံးယောက်ပါမယ်။ နိုင်ငံရေးပါတီက သုံးယောက်ပါရမယ် ဆိုတဲ့ အတွက်ကြောင့် အခုအတွင်းရေးမှူးတွေ အစည်းအဝေးမှာ ဒါတွေညှိနှိုင်းပြီးတော့ အမည်စာရင်းတွေကို ကျနော်တို့ ထည့်သွင်းဖို့ပါပဲ။ အဲဒီအမည်စာရင်းတွေကိုတော့ လာမယ့် ရက်တ္တပတ်အတွင်းမှာ UPDJC ကနေပြီးတော့ ထုတ်ပြန်ပြီးတော့ ဖွဲ့စည်းပေးမယ်။”လို့ ပြောပါတယ်။

အရင်က UPDJC အတွင်းရေးမှူးတွေကို အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား အစုအဖွဲ့ သုံးခုမှာ သုံးဦးစီ ပါဝင်ခဲ့ပေမယ့် လုပ်ငန်းကော်မတီ ၅ ခုကို အတွင်းရေးမှူး ၃ ဦးစီကိုင်တွယ်ရမှာ ဖြစ်တာကြောင့် အတွင်းရေးမှူး ၆ ဦးကို ထပ်တိုးခဲ့ပါတယ်။

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲခေါင်းစဉ်ကြီး ၅ ခုဖြစ်တဲ့ဒီမိုကရေစီရေးနှင့် ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာကိစ္စရပ်များ၊ တိုင်းရင်းသား လူမျိုးတမျိုးချင်းစီအလိုက် ခံစားခွင့်ခံစားထိုက်သော အခွင့်အရေးနှင့် လူမျိုးရေးဆိုင်ရာစုပေါင်းအခွင့်အရေးကိစ္စရပ်များ၊ ပြန်လည်ထူထောင်ရေးနှင့် လူမှုဖွံ့ ဖြိုးရေးဆိုင်ရာကိစ္စရပ် စတာတွေပါဝင်ပြီး၊  လုပ်ငန်းကော်မတီ ၅ ခု ပါဝင်မှာဖြစ်ပါတယ်။

အမျိုးသားအဆင့် ဆွေးနွေးပွဲခေါင်းစဉ်ကြီး ၅ ခုမှာ လူဦးရေအယောက် ၂၀ ပါဝင်မှာ ဖြစ်တာကြောင့် ရွေးချယ်တာတွေကို အခုရက်ပိုင်းအတွင်း အပြီးဆောင်ရွက်မှာဖြစ်ပါတယ်။

“အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲဆက်လုပ်မယ်။ အဲဒီအတွက်ကို ကျနော်တို့ လိုအပ်တဲ့ ညှိနှိုင်းမှု တွေကို ကျနော်တို့ ဆက်ပြီး ဆောင်ရွက်မယ်။ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားတွေကိုလည်း ဆက်ပြီးတော့ ထိတွေ့ပြီးတော့ ဆက်ဆွေးနွေးမယ်။ ကျနော်တို့ တရားဝင်ဆွေးနွေးပွဲတွေ မလုပ်နိုင်သေး တဲ့နောက်မှာ လွှတ်တော်က ဆွေးနွေးပွဲတွေကနေ စနိုင်ဖို့ဆိုတဲ့ လမ်းညွှန်ချက်တော့ ပေးထားတယ်။ အဲဒီအတိုင်းပဲ အခုတော့ ပြင်ဆင်နေတယ်။” လို့ ဦးလှမောင်ရွှေကပြောပါတယ်။

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းနဲ့ နေပြည်တော် ကောင်စီနယ်မြေတွေမှာ အရင်ပြုလုပ်သွားမှာဖြစ်ပြီး အစိုးရ ချမှတ်ထားတဲ့ မူဝါဒအတိုင်း ဆွေးနွေးပွဲတွေကို ဇန်န၀ါရီလအတွင်း ကျင်းပဖို့ အစီအစဉ်ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013