DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် ရခိုင့်ရိုးရာကျင်ကိုင်ပွဲနှင့် ပျော်ပွဲရွင်ပွဲများ(ဓာတ်ပုံ)
DVB
·
December 18, 2016
ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် ရခိုင့်ရိုးရာကျင်ကိုင်ပွဲနှင့် ပျော်ပွဲရွင်ပွဲများ(ဓာတ်ပုံ)
Donate to DVB

ဒီဇင်ဘာ၁၅ရက်နေ့ မှာ ကျရောက်တဲ့ ၄၂ ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်နေ့ကို ရန်ကုန်-စစ်တွေ အပါအဝင် မြို့တွေနယ်တွေအသီးသီးတွေမှာ ခုသီတင်းပတ်အတွင်း ကျင်းပပြုလုပ်နေကြပါတယ်။

၄၂ ကြိမ် မြောက် ရခိုင်ပြည်နယ်နေ့ကို ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ တိုင်းရင်းသားကျေးရွားမှာ ရခိုင့်ရိုးရာ နာမည်ကြီးကျင်ပွဲတွေ အပါအဝင် ရိုးရာပျော်ပွဲ ရွင်ပွဲတွေနဲ့ စည်းကားသိပ်မြိုက်စွာ ကျင်းပနေကြပါတယ်။

ရန်ကုန် သာကေတမြို့နယ်မှာ ကျင်းပပြုလုပ်နေတဲ့ ရခိုင်ပြည်နယ်နေ့မှာ ဂီတဖျော်ဖြေပွဲပါအဝင် ဈေရောင်းပွဲတွေ ပါဝင်ပြီး အဲဒီက ရရှိလာတဲ့ အမြတ်ငွေတွေကို ရခိုင်ပြည်နယ်မှ ကျောင်းသား/သူ တွေ ပညာသင်ကြေးထောက်ပံ့ငွေ အဖြစ် ထူးထောင်အသုံးပြုသွားမယ်လို့ အတွင်းရေးမှူး ဦးညီညီမောင်က ပြောပါတယ်။

“ဒီဇင်ဘာ ၁၆၊ ၁၇ နှစ်ရက်တာ ကျင်းပနေသွားမှာပါ။ ၁၅ ရက်နေ့ ကတည်းကအဖွင့် အနေနဲ့ ရခိုင်ဓမ္မရုံလုပ်ခဲ့ပြီးပါပြီ၊ ဒီနှစ်မှာ ထူးထူးခြားခြားအစီစဉ်အနေနဲ့ ဒီက ရရှိလာတဲ့ အကျိုးအမြတ်တွေကို ရခိုင်ပြည်နယ် ကျောင်းသူ ကျောင်းသားတွေ ပညာထောက်ပံ့ငွေအဖြစ်ပံ့ပို့သွားပါမယ်။”

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဝင်္ကကာကွင်းမှာ ၁၆ ရက်နေ့ စတင်ပြီးတော့ ရခိုင်ရိုးရာကျင်းပွဲတွေစတင်ပြီးတော့ ကျင်းပနေပါတယ်။

ရွှေမောင်းတန်းမှာ ပထမဆုကို ရွှေ ၄ ကျပ်သား၊ ငွေမောင်းတန်းမှာ ပထမဆုရသူကို ရွှေ ၃ ကျပ်သားထိ ချီမြှင့်သွားမှာဖြစ်ပါတယ်။

ဒါအပြင်ရခိုင်ပြည်နယ်၊ မြို့နယ်အသီးသီးတွေမှာလည်း ၄၂ ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်ကျင်းပရာ ရိုးရာကျင်ပွဲတွေနဲ့ ရိုးရာပျော်ပွဲပျော်ရွင်ပွဲတွေမှာ ဆု အသီးသီးချီးမြှင့်ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013