DVB Logo
Home
မြန်မာသတင်း
မောင်တောတိုက်ခိုက်မှုကို ပြည်ပအကြမ်းဖက်အဖွဲ့ဝင်များ ပံ့ပိုးကူညီဟု အစိုးရထုတ်ပြန်
DVB
·
December 18, 2016
မောင်တောတိုက်ခိုက်မှုကို ပြည်ပအကြမ်းဖက်အဖွဲ့ဝင်များ ပံ့ပိုးကူညီဟု အစိုးရထုတ်ပြန်
Donate to DVB

ရခိုင်ပြည်နယ် မောင်တောဒေသ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ပြည်ပက ငွေကြေးထောက်ပံ့မှု၊ ပြည်ပအကြမ်းဖက်အဖွဲ့အစည်းဝင်တွေရဲ့ ပံ့ပိုးမှုကူညီမှုတွေနဲ့ အချိန်ယူပြီး စနစ်တကျကြို တင်ဆောင်ရွက်ခဲ့တာလို့ အစိုးရက ထုတ်ပြန်ပါတယ်။

ဖမ်းဆီးထားသူတွေရဲ့ စစ်ဆေးထွက်ဆိုချက်အရ သိရတာဖြစ်ပြီး RSO အကြမ်းဖက် အဖွဲ့နဲ့ ဆက်နွှယ်နေတဲ့ အကွာမူမူလ် မူဂျာဟီဒင်အဖွဲ့ရဲ့ လက်ချက်ဖြစ်ပြီး ဒီအဖွဲ့ကို ဦးဆောင်သူဟာ ဘာသာရေး၊ လူမျိုးေ    ရး အစွန်းရောက်သမား ဟာဗစ်တူဟာရ် ဖြစ်တယ်လို့လည်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီရဲ့ မနေ့ကထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အောက်တိုဘာ ၁၁ ရက်မှာ ဟာဗစ်တူဟာရ်ရဲ့ ဂျီဟတ်ကြေညာထားတဲ့ ဗွီဒီယိုဖိုင်ကို လူမှုကွန်ရက် စာမျက်နှာမှာ ထုတ်လွှင့်ခဲ့တာရှိပြီး ပြည်ပထောက်ခံမှုနဲ့ ငွေကြေးပံ့ပိုးမှုတွေ မြင့်တက်လာဖို့အတွက် အခြားဗွီဒီယိုဖိုင်တွေကိုလည်း လွှင့်တင်ထားတာတွေ့ရတယ်လို့ ဆိုပါတယ်။

အလားတူ ဘယ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်အခြေစိုက် နိုင်ငံတကာ ပဋိပက္ခလေ့လာစောင့်ကြည့်ရေးအဖွဲ့ (အိုင်စီဂျီ)ကလည်း ရခိုင်ပြည်နယ်မှာတိုက်ခိုက်ခဲ့သူတွေရဲ့ ခေါင်းဆောင်ဟာ ဆော်ဒီနဲ့ ပါကစ္စတန်က အကြမ်းဖက်အဖွဲ့တွေနဲ့ ဆက်နွှယ်မှုရှိတယ်လို့ ထုတ်ဖော်ပြောထားပါတယ်။

မောင်တောတိုက်ခိုက်မှုတွေမလုပ်ခင် ၂ နှစ်လောက်ကတည်းက ရခိုင်ပြည်နယ်မြောက်ပိုင်းက ကျေးရွာတွေမှာ လက်နက်ကိုင်သင်တန်း၊ ပြောက်ကျားသင်တန်းနဲ့ အထူးသဖြင့် ဖောက်ခွဲရေးသင်တန်းတွေ လျှို့ဝှက်ပေးနေတာဖြစ်တယ်လို့ အိုင်စီဂျီကဆိုပါတယ်။

အမေရိကန်အစိုးရအနေနဲ့လည်း ရခိုင်ပြည်နယ်မှာ တိုက်ခိုက်တဲ့မွတ်စလင်အဖွဲ့တွေဟာ ဆော်ဒီနဲ့ ချိတ်ဆက်မှုရှိနေတယ်ဆိုတဲ့ သတင်းတွေကို ပြန်လည်ဆန်းစစ်သုံးသပ်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီကပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်က  ရခိုင်ပြည်နယ်မှာ နယ်ခြားစောင့်ရဲကင်းစခန်းတွေ အကြမ်း ဖက်စီးနင်းတိုက်ခိုက်ခံရတာဖြစ်ပြီး ဒီဖြစ်စဉ်တွေအတွင်း ရဲတပ်ဖွဲ့ဝင်  ၉ ဦးနဲ့ တပ်မတော်သား (၇)ဦး သေဆုံးခဲ့သလို လက်နက်မျိုးစုံနဲ့ ကျည်ဆန်တွေဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013