DVB Logo
Home
မြန်မာသတင်း
ဂျပန်တွင် မြန်မာလူငယ်များ၏ မှတ်တမ်းရုပ်ရှင်များ ဆုချီးမြှင့်ခံရ
DVB
·
December 18, 2016
ဂျပန်တွင် မြန်မာလူငယ်များ၏ မှတ်တမ်းရုပ်ရှင်များ ဆုချီးမြှင့်ခံရ
Donate to DVB

ဂျပန်ဖောင်ဒေးရှင်းနဲ့ ကျိုတိုတက္ကသိုလ်အရှေ့တောင်အာရှ သုတေသနဌာနတို့ ပူးပေါင်းပြုလုပ်တဲ့ Visual Documentary project 2016 ရုပ်ရှင်ပြိုင်ပွဲမှာ မြန်မာနိုင်ငံက တက်သစ်စလူငယ်ဒါရိုက်တာတွေ ဆုရရှိခဲ့ကြပြီး ဒီဇင်ဘာ ၁၅ ရက်နဲ့ ဒီဇင်ဘာ ၁၇ ရက်နေ့တွေက တိုကျိုမြို့မှာ ဂုဏ်ပြုပြသခဲ့ကြတယ်။

Visual Documentary project 2016 ကို အရှေ့ တောင်အာရှနိုင်ငံပြည်သူတွေရဲ့နေ့စဉ်လူမှု ဘ၀ထင်ဟတ်စေတဲ့ နိုင်ငံရေး ဆိုတဲ့ခေါ်င်းစဉ်နဲ့ပြုလုပ်ခဲ့ပြီး အရှေ့တောင်အာရှနိုင်ငံအသီးသီးက ပေးပို့လာတဲ့ မှတ်တမ်းရုပ်ရှင် ၇၅ ကားထဲမှ မြန်မာနိုင်ငံက သွယ်သွယ်မျိုးညွန့် ရဲ့အမေနဲ့သား။ ထွဋ်ရဲကျော်၊ ပြည့်မော်သိန်း၊ စက်ပိုင်အောင်တို့ရဲ့ ရက်ပေါင်း ၆၀။ ထက်အောင်ဆန်း၊ ကိုဂျက်၊ ဖြိုးဇေယျာသော်တို့ရဲ မှော် နဲ့ ဖိလစ်ပိုင်နိုင်ငံက ဒါရိုက်တာ Inshallah P.Montero ရဲ့ Women of the Forest တို့ ဆုရရှိ ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။

“မြန်မာလူငယ်တွေ အရည်အချင်းရှိပါတယ်။ ဇာတ်ကား ၃၀ ကျော်ပို့လာခဲ့ပါတယ်။ ကျနော်တို့ ရွေးရခက်ခဲ့ပါတယ်။ ဆက်လက်ကြိုးစားကြပါ။” လို့ Japan Institute of the moving image က ပါမောကအီရှီဇက ခန်းဂျီစံက ဒီဗွီဘီ ကိုပြောပြခဲ့ပါတယ်။

ဆုရရှိသူတဦးဖြစ်တဲ့ ဒါရိုက်တာ သွယ်သွယ်မျိုးညွန့်ကတော့ “မြန်မာ့အရေးလှုပ်ရှားသူတွေရဲ့ မိခင်အားလုံးကို ကိုယ်စားပြု ရိုက်ကူးခဲ့တာဖြစ်ပြီး ဒီဆုကလည်း မြန်မာနိုင်ငံ အပြောင်းအလဲအတွက် ပံ့ပိုးခဲ့တဲ့မိခင်တွေ ကိုပေးတာ” လို့ ခံစားမိကြောင်း ဒီဗွီဘီကို ပြောပြခဲ့ပါတယ်။

သတင်းဓာတ်ပုံ - ဇော်ဇော်လှိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013