DVB Logo
Home
နိုင်ငံတကာ
ရုရှားဆီတင်သင်္ဘော ၉ စီးကို ယူကရိန်း တိုက်ခိုက်
DVB
·
July 8, 2026
Photo: Turkish Directorate General for Maritime Affairs/Handout/Reuters
Photo: Turkish Directorate General for Maritime Affairs/Handout/Reuters
Donate to DVB

ယူကရိန်းရဲ့ မောင်းသူမဲ့စနစ်များဆိုင်ရာတပ်ဖွဲ့ (USF) ဟာ အာဇော့ဗ်ပင်လယ်ထဲမှာ ရှိနေတဲ့ ရုရှားရဲ့ ဆီတင်သင်္ဘော ၉ စင်းကို  ဇူလိုင် ၈ ရက် ညပိုင်းက ထပ်မံတိုက်ခိုက်ခဲ့တယ်လို့   ဒရုန်းတပ်ဖွဲ့ ရဲ့ တပ်မှူးက ပြောပါတယ်။

ယူကရိန်း လက်နက်ကိုင်တပ်ဖွဲ့ရဲ့ USF တပ်မှူး ရောဘတ် (မာဒီယာ) ဘရော့ဗ်ဒီက “ပြီးခဲ့တဲ့ ၇၂ နာရီအတွင်းမှာ စုစုပေါင်း သင်္ဘော ၂၁ စင်းကို တိုက်ခိုက်နိုင်ခဲ့တာပါ။ အဲဒီအထဲမှာ အရိပ်ပျောက် ဆီတင်သင်္ဘော ၁၉ စင်း၊ ကုန်တင်သင်္ဘောကြီးတစင်းနဲ့ ကာ့ခ်ျက ကူးတို့သင်္ဘောတစင်း ပါဝင်ပါတယ်” လို့ ရေးသားထားပါတယ်။

ဒီစစ်ဆင်ရေးကို USF မာဒီယာရဲ့ငှက်များ  ၄၁၄ ခုမြောက် သီးခြားတပ်မဟာရဲ့ ‘ကိုင်ရော့စ်’ အဖွဲ့က ဒရုန်းမောင်းသူတွေ၊ USF Raid ၄၁၃ ခုမြောက် သီးခြားတပ်ရင်းနဲ့ USF ရဲ့ တခုမြောက် သီးခြားဗဟိုဌာနတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ မာဒီယာက ပြောပါတယ်။

ဒါ့အပြင် အဲဒီညမှာပဲ ‘မာဒီယာရဲ့ငှက်များ’ အဖွဲ့ဟာ ခရိုင်းမီးယားက ရုရှားသိမ်းပိုက်ထားတဲ့ နယ်မြေအုပ်ချုပ်မှုအောက်ထဲက နေရာတွေနဲ့ ယာယီသိမ်းပိုက်ခံထားရတဲ့ တောင်ပိုင်းဒေသတွေရဲ့ အနောက်ဘက်အကျဆုံး နေရာတွေမှာရှိတဲ့ စစ်ရေးပစ်မှတ် ၅၃ ခုကို တိုက်ခိုက်ခဲ့တယ်လို့ ကြေညာချက်အရ သိရပါတယ်။

“ညပိုင်းမှာ လျှပ်စစ်ဓာတ်အားခွဲရုံ ၆ ခုကို ထပ်ပြီး တိုက်ခိုက်နိုင်ခဲ့တာမို့ ဇူလိုင် ၁ ရက်ကနေ ၈ ရက်အတွင်း တိုက်ခိုက်ခံရတဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံပေါင်း အတိအကျ ၅၀ အထိ ရှိသွားပါပြီ။ တခြား ထိခိုက်လွယ်တဲ့ ပစ်မှတ်တွေကိုလည်း တိုက်ခိုက်ခဲ့ပါသေးတယ်။ အသေးစိတ် အစီရင်ခံစာကိုတော့ နောက်မှ ထပ်ထုတ်ပြန်ပေးသွားပါမယ်"လို့ တပ်မှူးက ပြောပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013