DVB Logo
Home
မြန်မာသတင်း
အင်းတော်မြို့နယ်တွင် နေအိမ်တလုံး ဖယောင်းတိုင်မီးကတဆင့် မီးလောင်
DVB
·
December 16, 2016
အင်းတော်မြို့နယ်တွင် နေအိမ်တလုံး ဖယောင်းတိုင်မီးကတဆင့် မီးလောင်
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် ကွင်းချောင်းကျေးရွာမှာ ဖယောင်းတိုင်မီးကတဆင့် နေအိမ်တလုံး မီးလောင်ကျွမ်းမှု ဒီဇင်ဘာ ၁၅ ရက်နေ့မှာ ဖြစ်ပွားခဲ့ပါတယ်။

ဒီဇင်ဘာ ၁၅ ရက်ည ၉နာရီကျော်လောက် ကွင်းချောင်းကျေးရွာနေ မသန်းနွဲ့ (ခ) မသန်းနွဲ့လေးရဲ့ နေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့ရာမှာ မီးသတ်ဌာနက သွားရောက်ငြှိမ်းသတ်ခဲ့လို့ ည ၉ နာရီ ၃၅ မိနစ်အချိန်မှာ မီးငြိမ်းသွားခဲ့ပါတယ်။

မီးလောင်ကျွမ်းမှုကြောင့် သက်ငယ်မိုး၊ ထရံကာ နေအိမ် ၁ လုံး မီးလောင်ကျွမ်းခဲ့ပြီး ငွေ ၇ သောင်းဖိုးခန့် ပျက်စီးဆုံးရှုံးသွားတယ်လို့ အင်းတော်မြို့နယ် မီးသတ်ဦးစီးမှူး ဦးလှမျိုးလွင်က ပြောပါတယ်။

“မီးလောင်ရတဲ့ အကြောင်းရင်းက နေအိမ် အိပ်ခန်းအပြင်ဘက် ခေါင်းရင်းထရံကာအနီး ကြမ်းပြင်ပေါ်မှာရှိတဲ့ ဖယောင်းတိုင်မီးကတဆင့် ထရံကို မီးကူးစက်လောင်ကျွမ်းရခြင်း ဖြစ်ပါတယ်။ ကျနော်တို့ သန္ဓေအရန်မီးသတ်အင်အား ၁၂ ဦး၊ မီးသတ်ယာဉ် ၂ စီး၊ ရွာသူရွာသား ၅၀ ဦးခန့်နဲ့ မီးငြှိမ်းသတ်ခဲ့ရာ ည ၉ နာရီ ၃၅ မိနစ်အချိန်မှာ မီးငြှိမ်းသတ်နိုင်ခဲ့ပါတယ်” လို့ ပြောပါတယ်။

ပေါ့ဆမီးကြောင့် အိမ်ရှင်ကို အင်းတော်မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၅ အရ အရေးယူထားပါတယ်။

သတင်းပေးပို့ - ကိုကိုလင်း(အင်းတော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013