DVB Logo
Home
မြန်မာသတင်း
လက်ပံတန်း အန်အယ်လ်ဒီ လူငယ်တာဝန်ခံကို ပုဒ်မ ၆၆(ဃ) ဖြင့် အရေးယူရန် ဖမ်းဆီး
DVB
·
December 16, 2016
လက်ပံတန်း အန်အယ်လ်ဒီ လူငယ်တာဝန်ခံကို ပုဒ်မ ၆၆(ဃ) ဖြင့် အရေးယူရန် ဖမ်းဆီး
Donate to DVB

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) နဲ့ အမှုဖွင့် အရေးယူခံထားရတဲ့ လက်ပံတန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီပါတီ လူငယ်တာဝန်ခံကို လက်ပံတန်းမြို့နယ် မြို့မရဲစခန်းက ဒီဇင်ဘာ ၁၅ ရက်နေ့က ဖမ်းဆီးလိုက်ပါတယ်။

လက်ပံတန်းမြို့နယ် စည်ပင်သာရေးကော်မတီ အဖွဲ့ဝင်တဦးကို ဂုဏ်သိက္ခာထိခိုက်စေရန် Chit Nyein Chan ဖေ့စ်ဘွတ်ခ်အကောင့်ကနေ မမှန်မကန် ရေးသားဖော်ပြခဲ့တယ်ဆိုပြီး အမှုဖွင့် တိုင်ကြားခဲ့တာကြောင့် လက်ပံတန်းမြို့မရဲစခန်းက အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) နဲ့ အရေးယူဆောင်ရွက်နိုင်ဖို့ ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။

ကိုငြိမ်းချမ်းကို ဇူလိုင် ၈ ရက်နေ့က လက်ပံတန်းမြို့မရဲစခန်းမက ပုဒ်မ ၆၆(ဃ) နဲ့ အမှုဖွင့်ဆောင်ရွက်ခဲ့ပြီး ဒီနေ့နံနက်ပိုင်းမှာ ရဲစခန်းရဲ့ အကြောင်းကြားချက်အရ အမှုရင်ဆိုင်ဖို့ သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

တရားစွဲဆိုခံရတဲ့ ကိုငြိမ်းချမ်းဟာ လက်ပံတန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မြို့နယ်လူငယ်တာဝန်ခံအဖြစ် ၂၀၀၈ ခုနှစ်ကတည်းက စတင်တာဝန်ယူ ဆောင်ရွက်ခဲ့သူတဦး ဖြစ်ပါတယ်။

အခုလို တရားစွဲခံရတာနဲ့ပတ်သက်ပြီး လက်ပံတန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် ပါတီတွင်း လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဗဟိုလူငယ်လုပ်ငန်းအဖွဲ့နဲ့ ဗဟိုကော်မတီကို ဆက်လက်တင်ပြသွားမယ်လို့ လက်ပံတန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တွဲဘက်အတွင်းရေးမှူး ဦးဇော်မိုးက ပြောပါတယ်။

အဲဒီအမှုနဲ့ပတ်သက်ပြီး လက်ပံတန်းမြို့နယ် တရားရုံးမှာ မြို့နယ်တရားသူကြီး ဒေါ်ဖြူဝင်းလတ်က ပထမဆုံးအကြိမ်အဖြစ် လက်ခံစစ်ဆေးနေပြီး တရားရုံးရမန်ယူကာ ဒီဇင်ဘာ ၂၂ ရက်နေ့ကို ရုံးချိန်း ပြန်လည်ချိန်းဆိုထားပါတယ်။

သတင်း - ဝဏ္ဏထွန်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013